Connect with us

Hi, what are you looking for?

News

ရဲ၊ စစ်မှူထမ်း၊ မီးသတ်၊ ကြက်ခြေနီ၊ ပါတီများနှင့် YMBA အသင်းများပေါင်းပြီး လုံခြုံရေးအဖွဲ့ စမ်းသပ်ဖွဲ့စည်းရန် စစ်ကောင်စီ ညွှန်ကြား

လျှို့ဝှက်ဟု အမည်တပ်ထားသည့် အဆိုပါ ညွှန်ကြားစာကို မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီ၏ Facebook စာမျက်နှာ၌ ယနေ့ ဖော်ပြခဲ့သည်။

▪️ကျေးရွာများအား မီးလိုက်ရှို့နေသည့် စစ်ကောင်စီတပ်က မီးဘေးကာကွယ်ရေး ကြိုတင်စီမံရန် လမ်းညွှန်ထား

ပြည်သူများကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်နေသည့် စစ်ကောင်စီတပ်က ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့ ၊ အချို့ပါတီများနှင့် YMBA ကဲ့သို့အသင်းများ ပေါင်းစပ်၍ ပြည်သူ့လုံခြု့ရေးအဖွဲ့အမည်ရှိ အဖွဲ့ကို စမ်းသပ်ဖွဲ့စည်းရန် ညွှန်ကြားထားသည်။

လျှို့ဝှက်ဟု အမည်တပ်ထားသည့် အဆိုပါ ညွှန်ကြားစာကို မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီ၏ Facebook စာမျက်နှာ၌ ယနေ့ ဖော်ပြခဲ့သည်။

မတ်လ ၃ရက်က ပြုလုပ်ခဲသည့် စစ်ကောင်စီ၏ လုံခြုံရေး တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီ အစည်းအဝေး၌ စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်ပြောကြားချက်များကို လိုက်နာရန် အကြောင်းကြားသည့် စာဖြစ်သည်ဟု စာ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယင်းစာတွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီး မီးလောင်မှု ဖြစ်စဉ်များ ဖြစ်ပွားနှုန်းတိုးလာသောကြေြာင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မီးဘေးကာကွယ်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရန် အချက်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် လက်ရှိတွင် ကျေးရွာများကို ဝင်ရောက်စီးနင်းပြီးမီးရှို့ဖျက်ဆီးမှုများ တိုး၍ ပြုလုပ်နေရာ စစ်ကိုင်း၊ မကွေး၊ချင်း၊ ကရင်နီအပါအဝင် ဒေသအသီးသီးရှိ ပြည်သူလူထုနေအိမ်များစွာ ပျက်စီးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများက နေရာပေါင်း ၂၂၂ နေရာမှ ပြည်သူလူထုနေအိမ် ၇,၉၀၀ ကျော်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်၏ ညွှန်ကြား ချက်တွင် နေကြာစိုက်ပျိုးရန် အချက်လည်း ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။