Connect with us

Hi, what are you looking for?

LuduNwayOo

News

ရဲ၊ စစ်မှူထမ်း၊ မီးသတ်၊ ကြက်ခြေနီ၊ ပါတီများနှင့် YMBA အသင်းများပေါင်းပြီး လုံခြုံရေးအဖွဲ့ စမ်းသပ်ဖွဲ့စည်းရန် စစ်ကောင်စီ ညွှန်ကြား

လျှို့ဝှက်ဟု အမည်တပ်ထားသည့် အဆိုပါ ညွှန်ကြားစာကို မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီ၏ Facebook စာမျက်နှာ၌ ယနေ့ ဖော်ပြခဲ့သည်။

▪️ကျေးရွာများအား မီးလိုက်ရှို့နေသည့် စစ်ကောင်စီတပ်က မီးဘေးကာကွယ်ရေး ကြိုတင်စီမံရန် လမ်းညွှန်ထား

ပြည်သူများကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်နေသည့် စစ်ကောင်စီတပ်က ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့ ၊ အချို့ပါတီများနှင့် YMBA ကဲ့သို့အသင်းများ ပေါင်းစပ်၍ ပြည်သူ့လုံခြု့ရေးအဖွဲ့အမည်ရှိ အဖွဲ့ကို စမ်းသပ်ဖွဲ့စည်းရန် ညွှန်ကြားထားသည်။

လျှို့ဝှက်ဟု အမည်တပ်ထားသည့် အဆိုပါ ညွှန်ကြားစာကို မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီ၏ Facebook စာမျက်နှာ၌ ယနေ့ ဖော်ပြခဲ့သည်။

မတ်လ ၃ရက်က ပြုလုပ်ခဲသည့် စစ်ကောင်စီ၏ လုံခြုံရေး တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီ အစည်းအဝေး၌ စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်ပြောကြားချက်များကို လိုက်နာရန် အကြောင်းကြားသည့် စာဖြစ်သည်ဟု စာ၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယင်းစာတွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီး မီးလောင်မှု ဖြစ်စဉ်များ ဖြစ်ပွားနှုန်းတိုးလာသောကြေြာင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မီးဘေးကာကွယ်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရန် အချက်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် လက်ရှိတွင် ကျေးရွာများကို ဝင်ရောက်စီးနင်းပြီးမီးရှို့ဖျက်ဆီးမှုများ တိုး၍ ပြုလုပ်နေရာ စစ်ကိုင်း၊ မကွေး၊ချင်း၊ ကရင်နီအပါအဝင် ဒေသအသီးသီးရှိ ပြည်သူလူထုနေအိမ်များစွာ ပျက်စီးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများက နေရာပေါင်း ၂၂၂ နေရာမှ ပြည်သူလူထုနေအိမ် ၇,၉၀၀ ကျော်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်၏ ညွှန်ကြား ချက်တွင် နေကြာစိုက်ပျိုးရန် အချက်လည်း ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။