Connect with us

Hi, what are you looking for?

News

မြ၀တီမြို့သိမ်းတိုက်ပွဲဖြစ်လာမှာ စိတ်ပူနေတဲ့စစ်ကောင်စီတပ်ကKNLA ပူးပေါင်းအဖွဲ့တွေကို အပြင်းအထန်ထိုးစစ်ဆင်နေ

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြို့အနီးက ဂျပန်က လာရောက်တည်ဆောက်ထားပေးတဲ့ ကေအဲန်ယူရဲ့ လေးကေကော်မြို့သစ်ထဲမှာ မနေ့က ပြင်းထန်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက် တပ်ရင်းမှူးတွေအပါအဝင် အယောက် ၃၀ ကျော် သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကိုပါ အရှင်ဖမ်းဆီးရမိခဲ့တာဖြစ်တာပါ။

မြ၀တီမြို့သိမ်းတိုက်ပွဲဖော်ဆောင်လာမှာကို စိုးရိမ်နေတဲ့အတွက် စစ်ကောင်စီက လေးကေကော်မြို့သစ်မှာရှိတဲ့ KNLA ပူးပေါင်းအဖွဲ့တွေကို အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ထင်မြင်ယူဆကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မနေ့ဧပြီ ၁၀ ရက်က လေးကေကော်မြို့သစ်မှာ KNLA ပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီ တပ်မ ၄၄ တို့အကြား ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က တစ်နေ့တည်းမှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၁၀ ကျော် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“အဓိကတော့ ကျနော်ယူဆတာကော့ ဒီနေရာကမြ၀တီမြို့နဲ့လည်း အနီးဆုံးဖြစ်တယ်လေ။ အဲ့ဒီတော့ မြို့သိမ်းတိုက်ပွဲတွေကို ထိတ်လန့်တဲ့အတွက် ကြိုပြီး​တော့ ဒီနေရာကနေ ပိတ်ပင်တားဆီးတယ်လို့ ထင်တာပဲ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြို့အနီးက ဂျပန်က လာရောက်တည်ဆောက်ထားပေးတဲ့ ကေအဲန်ယူရဲ့ လေးကေကော်မြို့သစ်ထဲမှာ မနေ့က ပြင်းထန်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက် တပ်ရင်းမှူးတွေအပါအဝင် အယောက် ၃၀ ကျော် သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကိုပါ အရှင်ဖမ်းဆီးရမိခဲ့တာဖြစ်တာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လက်နက်ခဲယမ်းတွေကိုလည်း ကော်ဘရာစစ်ကြောင်းက သိမ်းဆည်းရမိခဲ့ပါသေးတယ်။

တကျော့ပြန်လည်ဖြစ်ပွားခဲ့တဲ့ လေးကေကော်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာခဲ့လို့ လေကြောင်းပစ်ကူတွေ အရင်ကထက် ပိုမိုအသုံးပြုလာခဲ့သလို လေကြောင်းတိုက်ခိုက်မှုအထဲမှာ ဓာတုဗုံးလို့ယူဆရတဲ့ ဗုံးတွေကိုပါ အသုံးပြုတိုက်ခိုက်လာခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခံစားနေရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။

“ညနေပိုင်းလောက်မှာ ၆ နာရီ ၃၀ လောက်မှာ ကြဲလိုက်တဲ့ဗုံးတွေက တော်တော်မွှေးတယ်ဗျ အနံ့တော်တော်မွှေးတယ်။ ကျနော်တို့လည်း ရှုမိတယ်ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့က ချက်ချင်းသိတယ်။ ဒီအနံ့ကို မွှေးတဲ့အခါကျတော့ ဓာတုဆေးဝါးပစ္စည်းတွေပါပြီပေါ့ဗျာ။ အဲ့ဒါသိလို့ ကျနော်တို့က ချက်ချင်းရေစိုအဝတ်ကိုကောက်ပြီးတော့ ကျနော်တို့နှာခေါင်းကိုပတ်လိုက်ပါတယ်။ ကျန်တဲ့ရဲဘော်တွေကတော့ နည်းနည်းမူးတာဝေတာတွေ ဖြစ်ကုန်တယ် ဒီအတိုင်းရှုမိတဲ့ရဲဘော်တွေကတော့လေ” ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက အပစ်အခတ်ရပ်စဲထားတယ်လို့ ပြောဆိုကြေငြာထားပေမယ့် ကေအဲန်ယူထိန်းချုပ်နယ်မြေတွေအပေါ်မှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်ခဲ့ပြီး ငြိမ်းချမ်းရေးမြို့လို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ကေအဲန်ယူရဲ့ လေးကော်မြို့သစ်တိုက်ပွဲဟာ ၄ လတာ ကြာမြင့်တဲ့အထိ ရောက်ရှိလာနေပြီဖြစ်ပါတယ်။

တိုက်ပွဲကြောင့် လေးကေကော်မြို့ဒေသခံတွေဟာ အခုထက်ထိတိုင် နေရပ်ကို ပြန်မလာနိုင်သေးသလို စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတွေ နေအိမ်အဆောက်ဦးတွေ များစွာ ထိခိုက်ပျက်စီးဆုံးရှုံးနေရပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook