Connect with us

Hi, what are you looking for?

News

မြန်မာ့ဒီမိုကရေစီအရေး ဆက်လက်ကူညီရန် အမေရိကန်၏သံန္နိဋ္ဌာန် ခိုင်မြဲလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ထပ်မံကတိပြု

မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင် မြန်မာပြည်သူများကောင်းခြင်း မင်္ဂလာများနှင့် ပြည့်စုံပါစေကြောင်း အမေရိကန်ပြည်ထောင်စုကိုယ်စား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆုမွန် ကောင်းသည်။

သင်္ကြန်အခါသမယတွင် မြန်မာပြည်သူများကောင်းခြင်းမင်္ဂလာများနှင့် ပြည့်စုံပါစေဟု ဆုမွန်ကောင်းတောင်း

အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ရန်နှင့် ရေရှည် တည်တံ့မည့် ငြိမ်းချမ်းရေးရရှိရန် အကူအညီပေးရာတွင် အမေရိကန်၏ သံန္နိဋ္ဌာန်မှာ ခိုင်ကျည်မြဲမြံလျက် ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ထုတ်ပြန်သည်။

မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင် မြန်မာပြည်သူများကောင်းခြင်း မင်္ဂလာများနှင့် ပြည့်စုံပါစေကြောင်း အမေရိကန်ပြည်ထောင်စုကိုယ်စား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဆုမွန် ကောင်းသည်။

“ယခုကဲ့သို့အခက်အခဲကာလတွင် မြန်မာပြည်သူအားလုံးအတွက် မိမိတို့၏ နွေးထွေးသောမေတ္တာကို အလေးထားပို့သလိုက်ပါသည်” ဟု ဝန်ကြီး ဘလင်ကင်က ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာပြည်သူများသည် စဉ်းစားတွေးထင်ရန် မဖြစ်နိုင်လောက်သည့် ဒုက္ခသုက္ခများကို ရင်ဆိုင်အံတုခဲ့ကြပြီး စစ်အာဏာရှင် အဖွဲ့အစည်းကို ဆန့်ကျင်ရာတွင် ထူးချွန်ပြောင်မြောက်သည့် သူရသတ္တိနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတို့ကို ပြသခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် အမေရိကန်သည် မြန်မာပြည်သူတို့နှင့်အတူတကွ ဆက်လက် ရပ်တည်သွားမည်ဖြစ်ပြီး အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်အဖွဲ့ ကျူးလွန်ခဲ့ သည့် အကြမ်းဖက်မှုများနှင့်ဆက်စပ်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကုန်တင်သင်္ဘောတစ်စီး ဒရုန်းနဲ့ ပစ်ခတ်တာ ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်က အီရန်မှာရှိတဲ့ စစ်ရေးပစ်မှတ် တချို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

သတင်း

အမေရိကန် အောက်လွှတ်တော် ကြားနာမှု အစီအစဉ် တစ်ခုမှာတော့ မြန်မာနိုင်ငံနဲ့ ဆက်နွှယ်တဲ့ အွန်လိုင်း ငွေကြေး လိမ်လည်မှုတွေက အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးအတွက် ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာကြောင်း သတိပေးသွားပါတယ်။

နိုင်ငံတကာ

အုပ်စုအောက်ဆုံးအီ​ကွေ​ဒေါကဂျာမနီကိုအနိုင်ယူပြီးရှုံးထွက်တက်ဖို့အ​ခြေအ​နေ​ကောင်း

နိုင်ငံတကာ

အမေရိကန် အနေနဲ့ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဆီက သစ္စာရှိမှုကို လိုချင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။