Connect with us

Hi, what are you looking for?

News

ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့အား နှစ်ကြိမ်တိုင်ခုခံတိုက်ခိုက်ရာ ငါးဦးထက်မနည်းသေဟု ဟုမ္မလင်းPDF ပြော

ဟုမ္မလင်းမြို့နယ်တွင် ယနေ့အချိန်အထိ အင်တာနက်ဖြတ်တောက်ထား သော်လည်း ကျွန်ုပ်တို့ တပ်ဖွဲ့မှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးအား ဆက်လက်လုပ်ဆောင်နေလျက်ရှိကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့အား နှစ်ကြိမ်တိုင်ခုခံတိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ငါးဦးထက်မနည်း သေဆုံးကြောင်း ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF)က သတင်းထုတ်ပြန်သည်။

ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အစပ်ရှိ လွင်ကြီးရွာအနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ဧပြီ ၈ ရက် နံနက် ၅နာရီခန့်က စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့များ ပူးပေါင်း စစ်ကြောင်းထိုးလာကြောင်းကြားသိရ၍ မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ ကြောင်း၊ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီနှင့် ပျူစောထီး တပ်သားများငါးဦး သေဆုံးပြီး တပ်ဖွဲ့မှ အထိအခိုက်မရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့(ဧပြီ၁၁ ရက်)နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ် အစပ်ရှိ တောင်ကုန်းသာကျေးရွာ အနီးတစ်ဝိုက်သို့ ခြေလျင်စစ်ကြောင်းထိုး သော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရာသီဥတု အခြေအနေကြောင့် မိုင်းမအောင်မြင်၍ လက်လုပ်သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ ရန်သူဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ထပ်မံ ထုတ်ပြန်သည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အထိအခိုက်မရှိဘဲအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိအခိုက်အကျ အဆုံးကိုမူ မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဟုမ္မလင်းမြို့နယ်တွင် ယနေ့အချိန်အထိ အင်တာနက်ဖြတ်တောက်ထား သော်လည်း ကျွန်ုပ်တို့ တပ်ဖွဲ့မှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးအား ဆက်လက်လုပ်ဆောင်နေလျက်ရှိကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ​ဖြစ်စဥ်များအတွက် ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။