Connect with us

Hi, what are you looking for?

News

ဝန်းသိုမြို့နယ်ရှိ စစ်ကောင်စီ၊ပျူစောထီးတပ်စွဲရာနေရာများကို PDF ပူးပေါင်း တပ်တိုက်ခိုက်

ဝန်းသိုမြို့နယ်ရှိ စစ်ကောင်စီလက်ပါးစေ တပ်စခန်းများကို ပြည်သူ့ ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိတ်မှုများ လုပ်ဆောင်နေရာ စခန်းအချို့သိမ်းဆည်းရမိထားသည်ဟု သိရကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားသည်။

စစ်ဘေးရှောင်ပြည်သူ ၁,၆၀၀ ခန့်ရှိဟုဆို

ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဝန်းသိုမြို့နယ်ရှိ စစ်ကောင်စီနှင့်ပျူစောထီးတို့ တပ်စွဲရာစခန်းများကို တိုက်ခိုက် မှုများ လုပ်ဆောင်လျက်ရှိ၍ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေ ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောကြားသည်။

“ အင်းတော်နဲ့ ဝန်းသိုကြား နမ့်ခမ်းဘက်ပေါ့ အဲဒီမှာတော့ထိတွေ့မှုလေးတွေ ဖြစ်တယ်။ ပျူတွေလည်း များတဲ့အခါကျတော့ ပျူနဲ့ စကစနဲ့ပေါင်းပြီး စစ်ကြောင်း ထိုးတဲ့သဘောမျိုးပေါ့။ ဟိုဘက်(PDF တပ်ဖွဲ့များ) ကစခန်းသိမ်းတာတွေ ဘာတွေနဲ့ဆိုတော့ နည်းနည်းတင်းမာမှုရှိ တယ်။ စစ်ဘေးရှောင်တွေကလည်း ၁,၆၀၀ ဝန်းကျင်လောက်တောင်ရှိသွားပြီ။” ဟု ၎င်းက ပြောသည်။

ဝန်းသိုမြို့နယ်ရှိ စစ်ကောင်စီလက်ပါးစေ တပ်စခန်းများကို ပြည်သူ့ ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိတ်မှုများ လုပ်ဆောင်နေရာ စခန်းအချို့သိမ်းဆည်းရမိထားသည်ဟု သိရကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားသည်။

Public Service Announcement

Public Service Announcement

“စခန်းသိမ်းတယ်ဆိုတာက သူတို့မှာက ပျူတွေက များတာပေါ့။ များတဲ့အခါ ပျူစခန်းတွေတို့။ ရဲစခန်းမှာဆိုရင်လည်း ရဲတို့ စကစတို့မရှိဘူး ပျူတွေပဲထား တာ။ ဆိုတဲ့အခါ အဲဒီတကြောလုံးကို ကိုယ့်ဘက်က သိမ်းလိုက်တာပေါ့။ ရဲစခန်းဆိုရင်လည်း ရဲစခန်းကို မီးရှို့ပြီးတော့မှ သိမ်းလိုက် တာတို့ ပေါ့”ဟု ၎င်းက ဆိုသည်။

ဆက်သွယ်ရေးအခက်အခဲကြောင့် သတင်းများ မထွက်ပေါ်သေးခြင်းဖြစ် ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်မှ မှန်လုံကားများတွင် အရပ်ဝတ်များ တင်ဆောင်ကာအင်အား ဖြည့်တင်းမှု များရှိနေကြောင်း ဆက်လက် ပြောကြားသည်။

အဆိုပါ ဝန်းသိုမြို့နယ်အတွင်း တိုက်ပွဲများ၌ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်များပါဝင်ရောက်တိုက်ခိုက် နေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ယင်းနှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရ သေးပေ။

(ပင်လည်ဘူး ၊ ​ကောလင်း ၊ဝန်းသို ​ဒေသများတွင် ယခုရကွပိုင်းအတွင်းတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား​နေ​သော်လည်းအကြမ်းဖက်စစ်​ကောင်စီတပ်က အင်တာနက်လိုင်းများဖျက်ထားပြီး ​ဒေသအချို့တွင် ဖုန်းလိုင်းများပါဖျက်ထား၍ တိုက်ပွဲသတင်းများကို ပြည်သူအများစုမသိရ​ပေ။)

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook