Connect with us

Hi, what are you looking for?

LuduNwayOo

News

ပဲခူးမြို့ဗဟိုသင်္ကြန်မဏ္ဍပ် လုံခြုံရေးရဲဂိတ်အား ခရိုင် PDF တိုက်ခိုက်

ပဲခူးခရိုင် PDF တပ်ရင်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီများအား အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်​ကောင်စီက ပြုလုပ်သော ပျော်ပွဲရွှင်ပွဲများတွင်ပါဝင်ခြင်း မပြုကြပါရန် Bago Ragion PDF က တိုက်တွန်းလိုက်သည်။

▪️ရဲအချို့ ထိခိုက်ဒဏ်ရာရရှိဟုဆို

အကြမ်းဖက် စစ်ကောင်စီခန့်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ခဲ့သည့် ပဲခူးမြို့ဗဟိုသင်္ကြန်မဏ္ဍပ်၏ လုံခြုံရေး ရဲဂိတ်အား ယနေ့ (ဧပြီ ၁၃) ညနေ ၆ နာရီခွဲက ပဲခူးခရိုင်တပ်ရင်း(၁) တပ်ခွဲ(၂) PDF-Bago မှ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Bago Ragion PDF က ထုတ်ပြန် သည်။

ယင်းတိုက်ခိုက်မှုတွင် ပဲခူးမြို့ဗဟိုသင်္ကြန်မဏ္ဍပ်အနီး တပင်ရွှေထီးလမ်း လုံခြုံရေးရဲဂိတ်မှ စစ်​ကောင်စီလက်ပါး​စေ ရဲများထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများမှတစ်ဆင့် သိရသည်။

” ညနေ ၆ နာရီခွဲလောက်က ဗဟိုမဏ္ဍပ်နားမှာ ဗုံးပေါက်တယ်လို့ သိရတယ်။ လုံခြုံရေးရဲဂိတ်မှာ ပေါက်တာတဲ့။ ရဲ ၃၊ ၄ ယောက် ဒဏ်ရာရသွားတယ် လို့တော့ ကြားတယ်။ သေ မသေတော့ မသိရဘူး။ ပြည်သူတွေက ဘယ်သူမှ မသွားကြပါဘူး။ သူတို့ (စစ်ကောင်စီ လက်အောက်ခံ) ဝန်ထမ်းတွေပဲ အဲ့မဏ္ဍပ်မှာ ရှိကြတာပါ ” ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပဲခူးခရိုင် PDF တပ်ရင်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီများအား အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်​ကောင်စီက ပြုလုပ်သော ပျော်ပွဲရွှင်ပွဲများတွင်ပါဝင်ခြင်း မပြုကြပါရန် Bago Ragion PDF က တိုက်တွန်းလိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။