Connect with us

Hi, what are you looking for?

News

ပဲခူးမြို့ဗဟိုသင်္ကြန်မဏ္ဍပ် လုံခြုံရေးရဲဂိတ်အား ခရိုင် PDF တိုက်ခိုက်

ပဲခူးခရိုင် PDF တပ်ရင်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီများအား အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်​ကောင်စီက ပြုလုပ်သော ပျော်ပွဲရွှင်ပွဲများတွင်ပါဝင်ခြင်း မပြုကြပါရန် Bago Ragion PDF က တိုက်တွန်းလိုက်သည်။

▪️ရဲအချို့ ထိခိုက်ဒဏ်ရာရရှိဟုဆို

အကြမ်းဖက် စစ်ကောင်စီခန့်ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ခဲ့သည့် ပဲခူးမြို့ဗဟိုသင်္ကြန်မဏ္ဍပ်၏ လုံခြုံရေး ရဲဂိတ်အား ယနေ့ (ဧပြီ ၁၃) ညနေ ၆ နာရီခွဲက ပဲခူးခရိုင်တပ်ရင်း(၁) တပ်ခွဲ(၂) PDF-Bago မှ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Bago Ragion PDF က ထုတ်ပြန် သည်။

ယင်းတိုက်ခိုက်မှုတွင် ပဲခူးမြို့ဗဟိုသင်္ကြန်မဏ္ဍပ်အနီး တပင်ရွှေထီးလမ်း လုံခြုံရေးရဲဂိတ်မှ စစ်​ကောင်စီလက်ပါး​စေ ရဲများထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများမှတစ်ဆင့် သိရသည်။

” ညနေ ၆ နာရီခွဲလောက်က ဗဟိုမဏ္ဍပ်နားမှာ ဗုံးပေါက်တယ်လို့ သိရတယ်။ လုံခြုံရေးရဲဂိတ်မှာ ပေါက်တာတဲ့။ ရဲ ၃၊ ၄ ယောက် ဒဏ်ရာရသွားတယ် လို့တော့ ကြားတယ်။ သေ မသေတော့ မသိရဘူး။ ပြည်သူတွေက ဘယ်သူမှ မသွားကြပါဘူး။ သူတို့ (စစ်ကောင်စီ လက်အောက်ခံ) ဝန်ထမ်းတွေပဲ အဲ့မဏ္ဍပ်မှာ ရှိကြတာပါ ” ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပဲခူးခရိုင် PDF တပ်ရင်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီများအား အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်​ကောင်စီက ပြုလုပ်သော ပျော်ပွဲရွှင်ပွဲများတွင်ပါဝင်ခြင်း မပြုကြပါရန် Bago Ragion PDF က တိုက်တွန်းလိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ