Connect with us

Hi, what are you looking for?

News

သာစည်လေးရွာပြည်သူများ စစ်ဘေးရှောင်နေရချိန် ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခံရ၍ တစ်ရွာလုံးနီးပါး မီးလောင်ပြာကျ

ကျေးရွာမြောက်ပိုင်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တစ်ရွာလုံးနီးပါး မီးလောင်ပြာကျကာ မီးအားပြင်းလွန်း၍ မည်သူမှ အနားမကပ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ဧပြီ ၉ ရက်က သာစည်လေးကျေးရွာအား ပထမအကြိမ် မီးရှို့ဖျက်ဆီးခံခဲ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းမြို့နယ်၊ ဆားတောင်တိုက်နယ် သာစည်လေးကျေးရွာမှ ဒေသခံပြည်သူ များ စစ်ဘေးရှောင်နေရချိန် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျူစောထီးများက ကျေးရွာအား ဒုတိယအကြိမ် လာရောက်မီးရှို့ဖျက်ဆီး သွားခဲ့ပြီး တစ်ရွာလုံးနီးပါး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဧပြီ ၁၃ရက်)ည ၈နာရီခွဲဝန်းကျင်မှစတင်ကာ ဆားတောင်မြို့ သာစည်လေးကျေးရွာ သို့ ပျူစောထီးများ ဝင်ရောက်လာကာ မီးရှို့ဖျက်ဆီးသွားကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သလဲဘာရွာဘက်ကနေ ဆိုင်ကယ်နဲ့ဝင်လာတဲ့ ပျူစောထီး ငါးဦးက သာစည်လေးရွာကို မီးရှို့သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ မီးရှို့ပြီး ပြန်လည်ထွက်သွားချိန်မှာ လိုက်လံပစ်ခတ် ခဲ့ပေမဲ့ လွတ်မြောက်သွားတယ် လို့သိရပါတယ်”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ကျေးရွာမြောက်ပိုင်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တစ်ရွာလုံးနီးပါး မီးလောင်ပြာကျကာ မီးအားပြင်းလွန်း၍ မည်သူမှ အနားမကပ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဧပြီ ၉ ရက်ကလည်း သာစည်လေးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ် ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ရဲဘော်နှစ်ဦး ကျဆုံးကာ ဒေသခံပြည်သူလေးဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်သည် သာစည်လေးကျေးရွာကိုပါ မီးရှို့သွားခဲ့ပြီး အိမ်ပေါင်း ၅၀ ခန့် မီးလောင်ပျက်စီးကာ နွား ၁၀ ကောင်၊ ပုဇင်းဂေါင်းကား ၂ စီး၊ ဆိုက်တွဲ ၂စီး၊ ဆိုင်ကယ် အစီး ၁၀၀ ခန့်၊ စပါးနှင့်ပဲ မျိုးများ မီးလောင် ဆုံးရှုံးခဲ့ရပြီး သာစည်ရွာ နှင့်အနီးနား ကျေးရွာများမှ ဒေသခံပြည်သူ ၅,၀၀၀ခန့်မှာ စစ်ဘေးရှောင်နေရကြောင်း Sagaing District Medical Team က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။