Connect with us

Hi, what are you looking for?

News

ရုရှားရဲ့ ခရုစ်ဒုံးကျည်တင် စစ်သင်္ဘော ပင်လယ်နက်မှာ နစ်မြှုပ်

စစ်သင်္ဘောပေါ်မှာ မီးလောင်ရာကနေ လက်နက်ခဲယမ်းပေါက်ကွဲမှုဖြစ်တာဖြစ်ပြီး သင်္ဘောကို ဆိပ်ကမ်းဆီ ဆွဲလာချိန်မှာ မုန်တိုင်းအခြေအနေကြောင့် ပင်လယ်နက်ထဲမှာပဲနစ်မြုပ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပင်လယ်နက်မှာ နစ်မြှုပ်သွားတဲ့ ရုရှားရဲ့ စစ်သင်္ဘော (ပုံ − ရိုက်တာ)

ရုရှားရေတပ်ရဲ့ခေတ်မီ ခရုစ်ဒုံးကျည်တင် သဘောၤ Moskva ဟာ မနေ့က ယူကရိန်းနိုင်ငံတောင်ဘက် ပင်လယ်နက်ထဲမှာ နစ်မြှုပ်သွားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။

ယူကရိန်းဘက်ကတော့ ရုရှားစစ်သဘောၤကို ပစ်ခတ်နှစ်မြှုပ်လိုက်တာလို့ ပြောနေပေမယ့် ရုရှားက ငြင်းဆိုထားပါတယ်။

စစ်သင်္ဘောပေါ်မှာ မီးလောင်ရာကနေ လက်နက်ခဲယမ်းပေါက်ကွဲမှုဖြစ်တာဖြစ်ပြီး သင်္ဘောကို ဆိပ်ကမ်းဆီ ဆွဲလာချိန်မှာ မုန်တိုင်းအခြေအနေကြောင့် ပင်လယ်နက်ထဲမှာပဲနစ်မြုပ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရုရှားရေတပ်ဟာ Moskva လို ခေတ်မီခရုစ်ဒုံးကျည်တင် စစ်သင်္ဘော ၃ စင်းသာရှိတယ်လို့ နိုင်ငံတကာမီဒီယာတွေကရေးသားဖော်ပြကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် Moskva နစ်မြှုပ်သွားတာဟာ ရုရှားအတွက် ကြီးမားတဲ့ဆုံးရှုံးမှုကို ရေးသားနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook