ရုရှားရေတပ်ရဲ့ခေတ်မီ ခရုစ်ဒုံးကျည်တင် သဘောၤ Moskva ဟာ မနေ့က ယူကရိန်းနိုင်ငံတောင်ဘက် ပင်လယ်နက်ထဲမှာ နစ်မြှုပ်သွားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။
ယူကရိန်းဘက်ကတော့ ရုရှားစစ်သဘောၤကို ပစ်ခတ်နှစ်မြှုပ်လိုက်တာလို့ ပြောနေပေမယ့် ရုရှားက ငြင်းဆိုထားပါတယ်။
စစ်သင်္ဘောပေါ်မှာ မီးလောင်ရာကနေ လက်နက်ခဲယမ်းပေါက်ကွဲမှုဖြစ်တာဖြစ်ပြီး သင်္ဘောကို ဆိပ်ကမ်းဆီ ဆွဲလာချိန်မှာ မုန်တိုင်းအခြေအနေကြောင့် ပင်လယ်နက်ထဲမှာပဲနစ်မြုပ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ရုရှားရေတပ်ဟာ Moskva လို ခေတ်မီခရုစ်ဒုံးကျည်တင် စစ်သင်္ဘော ၃ စင်းသာရှိတယ်လို့ နိုင်ငံတကာမီဒီယာတွေကရေးသားဖော်ပြကြပါတယ်။
ဒါကြောင့် Moskva နစ်မြှုပ်သွားတာဟာ ရုရှားအတွက် ကြီးမားတဲ့ဆုံးရှုံးမှုကို ရေးသားနေကြပါတယ်။
