Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆေးသုံးသူများနှင့် စိတ်ကြွ​ဆေပြားများကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ဖမ်းဆီးရမိ

စုံစမ်းမှုများအရ မြောင်မြို့နယ်ထဲတွင်းသို့ သွင်းယူလာသည့် စုစုပေါင်းဆေးပြား ၅၀၀ရှိကြောင်း ဝန်ခံခဲ့ပြီး ရောင်းချသူကိုယ်တိုင်က ဆေးပြား၆၀ကို သုံးစွဲခဲ့သည်ဟု သိရသည်။

ပြည်သူများ၏တိုင်တန်းချက်အရ မြို့နယ်အတွင်းမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများနှင့်အတူ WY ဆေးပြားများဖမ်းဆီးရမိကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)က ယနေ့(ဧပြီ ၁၅ ရက်) ထုတ်ပြန်သည်။

ယမန်နေ့က WY စိတ်ကြွဆေးပြားရောင်းဝယ်၊သုံးစွဲသူများအား လိုက်လံဖမ်းဆီးရာတွင် ဆေးပြား၁၈၃ ပြား ၊သုံးစွဲလက်စပိုက်နှင့် ကျပ်​လေးသိန်း​ကျော် သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်ရာ ယနေ့ (ဧပြီ ၁၅ ရက်)တွင် သုံးစွဲသူတစ်ဦးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း CDSOM က အသိပေးသည်။

စုံစမ်းမှုများအရ မြောင်မြို့နယ်ထဲတွင်းသို့ သွင်းယူလာသည့် စုစုပေါင်းဆေးပြား ၅၀၀ရှိကြောင်း ဝန်ခံခဲ့ပြီး ရောင်းချသူကိုယ်တိုင်က ဆေးပြား၆၀ကို သုံးစွဲခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စီးပွားပျက်စေသော လောင်းကစားမှုများ ပြုလုပ်ခြင်း၊ မူးရစ်ဆေးဝါးများရောင်းဝယ်ခြင်း နှင့် သုံးစွဲခြင်းများအား NUG- MOD ဌာန၏ လမ်းညွှန်မှုအတိုင်း ဖမ်းဆီးအရေးယူမှုများ ဆက် လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယခုမူးယစ်ဆေးဝါးဖြစ်စဥ်ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ- CD SOM ၊ ပြည်သူ့တပ်မတော် (မြောင်) -MUA၊ PDF Taloke နှင့် စစ်ကိုင်းခရိုင် တပ်ရင်း (၁)၊(၂) တပ်ခွဲ(၃) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။