Connect with us

Hi, what are you looking for?

News

ဆေးသုံးသူများနှင့် စိတ်ကြွ​ဆေပြားများကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ဖမ်းဆီးရမိ

စုံစမ်းမှုများအရ မြောင်မြို့နယ်ထဲတွင်းသို့ သွင်းယူလာသည့် စုစုပေါင်းဆေးပြား ၅၀၀ရှိကြောင်း ဝန်ခံခဲ့ပြီး ရောင်းချသူကိုယ်တိုင်က ဆေးပြား၆၀ကို သုံးစွဲခဲ့သည်ဟု သိရသည်။

ပြည်သူများ၏တိုင်တန်းချက်အရ မြို့နယ်အတွင်းမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများနှင့်အတူ WY ဆေးပြားများဖမ်းဆီးရမိကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)က ယနေ့(ဧပြီ ၁၅ ရက်) ထုတ်ပြန်သည်။

ယမန်နေ့က WY စိတ်ကြွဆေးပြားရောင်းဝယ်၊သုံးစွဲသူများအား လိုက်လံဖမ်းဆီးရာတွင် ဆေးပြား၁၈၃ ပြား ၊သုံးစွဲလက်စပိုက်နှင့် ကျပ်​လေးသိန်း​ကျော် သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်ရာ ယနေ့ (ဧပြီ ၁၅ ရက်)တွင် သုံးစွဲသူတစ်ဦးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း CDSOM က အသိပေးသည်။

စုံစမ်းမှုများအရ မြောင်မြို့နယ်ထဲတွင်းသို့ သွင်းယူလာသည့် စုစုပေါင်းဆေးပြား ၅၀၀ရှိကြောင်း ဝန်ခံခဲ့ပြီး ရောင်းချသူကိုယ်တိုင်က ဆေးပြား၆၀ကို သုံးစွဲခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စီးပွားပျက်စေသော လောင်းကစားမှုများ ပြုလုပ်ခြင်း၊ မူးရစ်ဆေးဝါးများရောင်းဝယ်ခြင်း နှင့် သုံးစွဲခြင်းများအား NUG- MOD ဌာန၏ လမ်းညွှန်မှုအတိုင်း ဖမ်းဆီးအရေးယူမှုများ ဆက် လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယခုမူးယစ်ဆေးဝါးဖြစ်စဥ်ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ- CD SOM ၊ ပြည်သူ့တပ်မတော် (မြောင်) -MUA၊ PDF Taloke နှင့် စစ်ကိုင်းခရိုင် တပ်ရင်း (၁)၊(၂) တပ်ခွဲ(၃) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook