Connect with us

Hi, what are you looking for?

News

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူပူးပေါင်းအဖွဲ့ကို PDFအဖွဲ့များက တစ်နေကုန် တိုက်ခိုက်

ကျေးရွာအတွင်းဝင်ရောက်လုနီးပါးထိဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က တည်ဆောက် ထားသော ဘန်ကာများ၊ကတုတ်ကျင်းများကို မကျော်နိုင်ခြင်း၊ လက်နက်ကြီးမပါဘဲ လက်လုပ်တူမီးအများစုသာပါရှိခြင်းကြောင့် ည ၇နာရီခန့်တွင် အောင်မြင်စွာ ဆုတ်ခွာခဲ့ရကြောင်း Armed Revoluntionary Force.KU ARF အဖွဲ့က ပြောသည်။

(သင်္ကြန်အကျနေ့က ခင်ဦးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့၏ စခန်းချရာနေရာအား ဒရုန်းဖြင့်တိုက်ခိုက်နေစဥ်)

စစ်ကောင်စီတပ်မှ ၂၀ကျော်သေဆုံးနိုင်ဟုဆို

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီး များအား ဒေသတွင်းPDF အဖွဲ့များက တစ်နေကုန်နီးပါးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ကျော် သေဆုံးနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။

ခင်ဦးမြို့နယ်တွင် ယမန်နေ့ (ဧပြီ ၁၅ ရက်) သင်္ကြန်အကြတ်နေ့ နံနက် ၇နာရီခန့်က ပျဥ်ထောင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ထပ်မံဝင်ရောက် တိုက်ခိုက်ခဲ့ရာ ညနေပိုင်းအထိ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးဘက်မှ ၉ ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်မှ ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ စိုးရိမ်ရသည့်အခြေအနေမျိုးမဟုတ်ကြောင်း KSO(Khin U Support Organizationက ပြောသည်။

ကျေးရွာအတွင်းဝင်ရောက်လုနီးပါးထိဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က တည်ဆောက် ထားသော ဘန်ကာများ၊ကတုတ်ကျင်းများကို မကျော်နိုင်ခြင်း၊ လက်နက်ကြီးမပါဘဲ လက်လုပ်တူမီးအများစုသာပါရှိခြင်းကြောင့် ည ၇နာရီခန့်တွင် အောင်မြင်စွာ ဆုတ်ခွာခဲ့ရကြောင်း Armed Revoluntionary Force.KU ARF အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ညနေ၅နာရီခန့်အချိန် ခင်ဦးမြို့ပေါ်မှ ပျဥ်ထောင်ကျေးရွာဘက်သို့ တပ်ကူလာသော အကြမ်းဖက်စစ်ကောင်စီ ကား လေးစီးအား ကာကွယ်ရေး တပ်ပေါင်းစုများမှ ခင်ဦးမြို့အနောက် ကံသစ်ကျေးရွာနှင့် ခင်ဦးမြို့အကြား ကျောက်မန်းကန်တံတားအနီးမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီးမှာ မောင်းမရတော့သည်အထိ ဖြစ်ခဲ့ပြီး ကျန်ကားများထိုးရပ်ကာ ဆင်း၍ ဘေးပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ညပိုင်းအချိန်အထိ ကံသစ်ကျေးရွာအနီးတွင် အကြောင်းမဲ့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ရွာသစ်ကုန်းကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၁၂ဦးခန့်သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေးနှင့် Armed Revoluntionary Force.KU ARF အဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့အပြင် ရုပ်အလောင်းများအား ရေဦးမြို့မှလာသော ကားတစ်စီးဖြင့် သယ်ယူသွားကြောင်း ထပ်မံဖော်ပြထားသည်။

အဆိုပါဖြစ်စဥ်များအား ဒေါင်းစစ်သည် ခင်ဦးအဖွဲ့၊ KSO(Khin U Support Organization၊ Armed Revoluntionary Force.KU ARF အဖွဲ့အပါအဝင် မဟာမိတ်ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးထားသည်။

ဧပြီ ၁၄ရက်ကလည်း နံနက်ပိုင်းမှစတင်ကာ ARFအဖွဲ့နှင့် ပူးပေါင်းမဟာမိတ် အဖွဲ့များသည် စစ်ကောင်စီတပ်သားများနှင့် ပျုများ တပ်စွဲထားသော ပျဥ်ထောင်ကျေးရွာသို့ အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး အနည်းဆုံး ၅ဦးခန့် ကျဆုံးခဲ့ကြောင်း ၊ ၂ ရက်တာတိုက်ပွဲတွင် ကျည်ဆန် စုစုပေါင်း ၁၅၀၀ကျော်ကုန်ခဲ့ပြီး မိုင်း ၁၀လုံး နှင့် ပဒေသာမိုင်းများ အသုံးပြုခဲ့ ရကြောင်း ARFက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ