Connect with us

Hi, what are you looking for?

News

ကျောက်​တော်တွင် ​နေရပ်စွန့်ခွာတိမ်း​ရှောင်​နေသည့် အိမ်​ထောင်စု ၂၀၀၀​ကျော်အတွက် UNHCRက ကျန်းမာ​ရေးပစ္စည်းများထောက်ပံ့

စုပေါင်း ၂,၃၉၀ မှ လူပေါင်း ၉,၇၃၃ ယောက်တို့အတွက် အဝတ်ဖြင့် ပြုလုပ်သော နှာခေါင်းစည်း ၁၀,၀၀၀ ခု၊ ဆပ်ပြာတုံး ၂၉,၃၂၅ တုံးအား ဖြန့်ဝေခဲ့သည်ဟု ​​ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ခိုလှုံနေသည့် နေရာ ၁၅ နေရာရှိ အိမ်​ထောင်စု​ ၂၀၀၀​ကျော်အတွက် ကျန်းမာ​ရေးနှင့်ပတ်သက်သည့်ပစ္စည်းများ ဖြန့်​ဝေ​ပေးခဲ့​ကြောင်း UNHCR က ထုတ်ပြန်သည်။

အိမ်ထောင်စုပေါင်း ၂,၃၉၀ မှ လူပေါင်း ၉,၇၃၃ ယောက်တို့အတွက် အဝတ်ဖြင့် ပြုလုပ်သော နှာခေါင်းစည်း ၁၀,၀၀၀ ခု၊ ဆပ်ပြာတုံး ၂၉,၃၂၅ တုံးအား ဖြန့်ဝေခဲ့သည်ဟု ​​ဖော်ပြထားသည်။

ပြီးခဲ့သည့် သတင်းပတ်ကလည်း UNHCRသည် UNICEF နှင့်အတူ UNFPA နှင့် UNDP တို့၏ အကူ အညီဖြင့် ရပ်ရွာလူထု၏ အသိပညာ တိုးမြှင့်ရေးအတွက် ဆောင်ရွက်ရင်း ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်ရှိ အိမ်ထောင်စု ၂,၈၀၀ နီးပါးအတွက် တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာများ (PPE) အပါအဝင် နှာခေါင်းစည်း၊ ဆပ်ပြာနှင့် အခြား သန့်ရှင်းရေးသုံးပစ္စည်းများ ဖြန့်ဝေပေးခဲ့ပါသည်ဟု ပါရှိသည်။

အိုးအိမ်စွန့်ခွာထွက်ပြေးရသော လူမှုအသိုင်းအဝိုင်းများအား COVID-19 ကြိုတင်ကာကွယ်ရေး အသိ ပညာ တိုးမြှင့်စေရေးနှင့်၊ တကိုယ်ရေသုံး အကာ အကွယ် ပစ္စည်းကိရိယာများ (PPE)၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ ဖြန့်ဝေရေးတို့အတွက် မိတ်ဖက်များနှင့်အတူ လုပ်ဆောင်လျက်ရှိ​ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အထက်ပိုင်း ဝေးလံခေါင်သီတဲ့တောင်ပေါ်၊ ချောင်းဖျားဒေသကျေးရွာအချို့မှာ လူဦးရေ အများအပြား ငှက်ဖျားဖြစ်နေပြီး ဆေးဝါးကုသဖို့လည်း လက်လှမ်းမမီ၊ အလှမ်းဝေးနေတယ်လို့ ဆိုပါတယ်။

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။