Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၁) နယ်မြေရှိ စစ်ကောင်စီတပ်စခန်း ၂ခု သုံးရက်အတွင်း ဆုတ်ခွာပေးရန် KNDOတပ်ရင်း(၂)သတိ​ပေး

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် KNDO နှင့် ပူးပေါင်းလိုပါက သတ်မှတ်ရက်မတိုင်မီ ဆက်သွယ်ရန် လည်း အသိပေးထားသကဲ့သို့ ထွက်ခွာလိုပါကလည်း ထွက်ခွာရန်လမ်းကြောင်းနှင့် အချိန်အား တိကျစွာ ကြိုတင်ညှိနှိုင်းရန် ဖော်ပြထားသည်။

မလိုက်နာပါက စစ်ရေးအရ အရေးယူမည်၊ KNDOနှင့် ပူးပေါင်းလိုပါက သတ်မှတ်ရက်မတိုင်မီဆက်သွယ်ရန်လည်း အသိပေးထား

စစ်​ကောင်စီဘက်တွင်ပြည်သူလူထုမရှိ၍ ​စစ်​ကောင်စီပြုတ်ကျ​ရေး မုချအောင်ပွဲရမည်ဟုတာဝန်ရှိသူ​ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁) ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း(၂) နယ်မြေ အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၂ခု သည် လာမည့် သုံးရက် အတွင်း စခန်းမှ ဆုတ်ခွာပေးရမည်ဟု KNDO တပ်ရင်း(၂)က ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

အဆိုပါ နယ်မြေ၌ တပ်စွဲနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လေးကေ စခန်းနှင့် ဝင်းတာပန် စခန်းတို့ကို ဧပြီ ၂၃ရက် ရက် ညနေ ၆နာရီ နောက်ဆုံးထား၍ ဆုတ်ခွာပေးရမည်ဖြစ်ကြောင်းနှင့် အကယ်၍ နယ်မြေအတွင်း ကျူးကျော်နေထိုင်သည့် စခန်းများ ဆုတ်ခွာခြင်း
မပြုပါက စစ်ရေးအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နိုင်ငံ အနှံ့အပြားရှိ တိုင်းရင်းသား ပြည်သူလူထုအပေါ် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အိမ်ထောင်သည်နှင့် ကလေးသူငယ်များပါမကျန် မုဒိမ်းကျင့်ခြင်း၊ အိုးအိမ်စည်းစိမ်များအား မထင်လျင် မထင်သလို မီးရှို့ဖျက်ဆီးခြင်း အစရှိသည့် လူသားမဆန်သည့် ကိစ္စရပ်များ ပြုမူဆက်ဆံလျက်ရှိသည်ကို တွေ့ရ၍ မိမိတို့နယ်မြေအတွင်း လုံး၀ နေထိုင်ခွင့်မပြုနိုင်ကြောင်း KNDO က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် KNDO နှင့် ပူးပေါင်းလိုပါက သတ်မှတ်ရက်မတိုင်မီ ဆက်သွယ်ရန် လည်း အသိပေးထားသကဲ့သို့ ထွက်ခွာလိုပါကလည်း ထွက်ခွာရန်လမ်းကြောင်းနှင့် အချိန်အား တိကျစွာ ကြိုတင်ညှိနှိုင်းရန် ဖော်ပြထားသည်။

နယ်မြေအတွင်း ယခုကဲ့သို့ထုတ်ပြန်ထားပြီးဖြစ်၍ နံနက် ၆နာရီမှ ည ၆နာရီအတွင်း သွားလာခွင့်အား အထူးဂရုစိုက်ရန်လည်း KNDOက သတိပေးထားသည်။

“လက်ရှိဖြစ်ပေါ်နေတဲ့အ​ခြေအ​နေတွေက အရင်ပြောခဲ့ဖူးသလို စစ်အာဏာရှင် ပြုတ်ကျဖို့အတွက် ကျွန်တော်တို့ နယ်မြေ ကျွန်တော်တို့ ပြန်ထိန်းသိမ်းဖို့ သူတို့ အုပ်ချုပ်လို့မရအောင် သူတို့ကို မောင်းထုတ်ရမှာပေါ့။ ပြောတဲ့အတိုင်းသူတို့ မလိုက်နာရင် ကျွန်တော်တို့လုပ်စရာရှိတာဆက်လုပ်မယ်။ ကျွန်တော်တို့က ပြည်သူလူထုနဲ့ ပူးပေါင်းပေါင်းမယ်။ အခု ဖြစ်ပေါ်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ပူးပေါင်းပြီး ဆောင်ရွက်မှာပဲ”ဟု KNU ဗဟိုမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးအပါအဝင် ဘက်ပေါင်းစုံမှ တိုက်ခိုက်ပြီး စစ်ကောင်စီပြုကျအောင်ဆောင်ရွက်မည်ဟု ၎င်းကဆိုသည်။

“သူတို့ဘက်က လူထုမပါလို့ ကျွန်တော်တို့အောင်ပွဲကတော့ မုချရမှာပဲ။” ဟုလည်း KNU သတင်းရင်းမြစ်က ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ်များကိုခုခံတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ KNU လက်အောက်ခံတပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် KNDO၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့၏ ခုခံတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို