Connect with us

Hi, what are you looking for?

News

ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နိုင်သည့် မြို့နယ်ပေါင်း ၃၆ မြို့နယ်ရှိဟု NUG အသိပေး

ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ထားပြီဖြစ်သော ဒေသများမှာ စစ်ကိုင်းတိုင်း ၃၇ မြို့နယ်တွင် ၂၉ မြို့နယ်၊ မကွေးတိုင်း ၂၅ မြို့နယ်တွင် ခုနစ်မြို့နယ်အသီးသီးဖြစ်ကြောင်း လုပ်ငန်းအစီရင်ခံချက်တွင် ဖော်ပြသည်။

(မ​ကွေးတိုင်းရှိ ​ကျေးရွာတစ်ရွာတွင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့(PDF)များ ​အောင်ပွဲဖြင့် ပြန်လာသည်ကို ​ကျေးရွာ​ဒေသခံများက ​အောင်သ​ပြေပန်းများဖြင့် ဆိုကြို​နေကြစဥ်)

ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ထားနိုင်သည့် မြို့နယ်ပေါင်း ၃၆မြို့နယ်ရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အသိပေးဖော်ပြသည်။

အဆိုပါ ဝန်ကြီးဌာန၏ ၂၀၂၁ တစ်နှစ်တာကာလလုပ်ငန်းဆောင်ရွက်ချက်များအား ပြည်ထဲ​ရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြည်သူ့သို့ အစီရင်ခံတင်ပြရာတွင် ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုအခြေအနေအား အထက်ပါအတိုင်းအသိပေးလာခြင်း ဖြစ်သည်။

ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ထားပြီဖြစ်သော ဒေသများမှာ စစ်ကိုင်းတိုင်း ၃၇ မြို့နယ်တွင် ၂၉ မြို့နယ်၊ မကွေးတိုင်း ၂၅ မြို့နယ်တွင် ခုနစ်မြို့နယ်အသီးသီးဖြစ်ကြောင်း လုပ်ငန်းအစီရင်ခံချက်တွင် ဖော်ပြသည်။

ကနဦးတွင် ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နိုင်ရန် မြို့နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့များဖွဲ့ စည်းခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်များ နယ်မြေစိုးမိုးထားသည့် ဒေသများမှအပ မြို့နယ်ပြည်သူ့အုပ်ရေးအဖွဲ့ ၂၅၀ အထိ ဖွဲ့စည်းထားနိုင်ပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မြေပြင်စမ်းစစ်မှုများလုပ်ဆောင်နေပြီး နယ်မြေစိုးမိုး ထိန်းချုပ်နိုင်ရေးမဟာဗျူဟာများရေးဆွဲလျက်ရှိကြောင်း၊ အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း ထိန်းချုပ်နယ်မြေများဖော်ဆောင်ရန် အလျင်အမြန် ဆောင်ရွက်သွားမည်ဟု ဝန်ကြီးဦးလွင်ကိုလတ်က အသိပေးသည်။

ထို့အပြင် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်ရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သော ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီမှ ထုတ်ပြန်သော ပြည်သူ့အုပ်ချုပ်ရေးလက်စွဲ၊ ရဲလက် စွဲ၊ တရားရေးအခြေခံမူများနှင့်အညီ ဆောင် ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များကို ပြည်သူပါဝင်မှုဖြင့် ရွေးချယ်ခြင်း၊ ရွေးကောက်တင် မြှောက်ခြင်းများ လုပ်ဆောင်ကာ ကာကွယ်ရေးနှင့် လုံခြုံရေးစီမံချက်များ ဖော်ဆောင်ခြင်း၊ ပြည်သူ့တရားစီရင်ရေးစနစ်ကျင့်သုံးခြင်း၊ စစ်ရှောင်များအား ထောက်ပံကူညီခြင်းနှင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများအတွက် ဘတ်ဂျက်တို့မြှင့် ချထားပေးခြင်း၊ အခွန်ငွေထည့်ဝင်မှုများ စတင်လက်ခံခြင်းတို့ လုပ်ဆောင်နေပြီဟု အသိပေးဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ