Connect with us

Hi, what are you looking for?

News

ပေါက်နယ်တွင် PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ငါးဦးသေဆုံး

စစ်ကောင်စီတပ်သည် ပေါက်မြို့နယ်ရှိ ကျေးရွာများအား ဧပြီ ၇ရက်မှစ၍ ဝင်ရောက်စီးနင်း တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်ခဲ့၍ ကျေးရွာ ၂၀ခန့်မှ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရသည်။

မကွေးတိုင်း ပေါက်မြို့နယ် အတွင်းစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်းပြည်သူ့ကာကွယ် ရေးတပ်(PDF)ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ နေ့စဉ် စစ်ရေးသတင်း၌ ဖော်ပြထားသည်။

ဧပြီ ၂၃ရက်က မကွေးတိုင်း ပေါက်မြို့နယ် ဇီးပြားရွာဘက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား ၇၀ကျော်ကို ညောင်ရင်းရွာအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ပခုက္ကူ တော်လှန်ရေးတပ်ဦး(PRF)၊ ပခုက္ကူ GZ၊ ပေါက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပေါက်တောင်ပိုင်း တိမ်လွှာအဖွဲ့ နှင့် အခြားမဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထား သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ပေါက်မြို့နယ်ရှိ ကျေးရွာများအား ဧပြီ ၇ရက်မှစ၍ ဝင်ရောက်စီးနင်း တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်ခဲ့၍ ကျေးရွာ ၂၀ခန့်မှ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook