Connect with us

Hi, what are you looking for?

News

စစ်တပ်က လက်နက်ကြီးနဲ့ နေ့စဉ်ပစ်နေလို့ တံခွန်တိုင်ဒေသခံအများစုဘေးလွတ်ရာပြေးနေရ

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း တံခွန်တိုင်ရဲစခန်းအရှေ့ကို ဖြတ်သွားလာနေတဲ့ အရပ်သားကားတစ်စီးကိုလည်း စစ်ကောင်စီက သေနတ်နဲ့အချက်ပေါင်းများစွာပစ်ခတ်ခဲ့ရာ ကားထိမှန်ပျက်စီးသွားခဲ့ပေမယ့် ကားမောင်းသူအရပ်သားကတော့ ထိမှန်ခြင်းမရှိခဲ့ပါဘူး။

နှစ်ရက်ကြာရှိလာပြီဖြစ်တဲ့ ကေအဲန်ယူ-ဒူးပလာယာခရိုင် ဝင်းရော်ဒေသက စစ်ရေးတင်းမာမှုကြောင့် တံခွန်တိုင်ဒေသခံ​အများစု ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

တပ်မဟာ ၆ နယ်မြေ ဝင်းရော်ဒေသဖြစ်တဲ့ တံခွန်တိုင်ကျေးရွာရဲစခန်းမှာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကစပြီး KNLA တပ်မဟာ ၆ နဲ့ ထိတွေ့ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ကာ တံခွန်တိုင်ကျေးရွာကို စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်တွေအပေါ် လက်နက်ကြီးကျည်ရောက်ခဲ့တာပါ။

အဲ့ဒီနေအိမ်အပေါ် စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦးသေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး နေအိမ်တချို့လည်း ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း တံခွန်တိုင်ရဲစခန်းအရှေ့ကို ဖြတ်သွားလာနေတဲ့ အရပ်သားကားတစ်စီးကိုလည်း စစ်ကောင်စီက သေနတ်နဲ့အချက်ပေါင်းများစွာပစ်ခတ်ခဲ့ရာ ကားထိမှန်ပျက်စီးသွားခဲ့ပေမယ့် ကားမောင်းသူအရပ်သားကတော့ ထိမှန်ခြင်းမရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

မနေ့ ဧပြီ ၂၅ ရက်ကလည်း KNLA နဲ့ စစ်ကောင်စီတို့အကြား ညပိုင်းအချိန်ထိ ထိတွေ့ပစ်ခတ်မှုဆက်ရှိခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ထပ်မံပစ်ခတ်နေသလို အင်အားလာရောက်ဖြည့်ဆည်းတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေထံကနေ ကြားသိရပါတယ်။

ဒီလို စစ်ရေးတင်းမာလာမှုနဲ့ ကျေးရွာတွေအပေါ် စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် တံခွန်တိုင်ဒေသခံအများစုဟာ ဘေးလွတ်ရာကို ရှောင်တိမ်းခဲ့ကြရပြီး ဝင်းရော်ဒေသက ဒေသခံပြည်သူတွေအနေနဲ့ အထူးသတိပြုကြဖို့ တိုက်တွန်းပြောဆိုထားတာလည်း ရှိနေတာပါ။

“တော်တော်များများ ရှောင်ထားကြတယ်။ မနေ့က တစ်နေကုန် ည ၇ နာရီကနေ ၈ နာရီအထိ နှစ်ဖက်ပစ်နေကြတယ်။ အခြေအနေက မတည်ငြိမ်နိုင်သေးဘူး။ ဘေးလွတ်ရာကို ရှောင်ထားကြပါ” လို့ ဒေသခံတွေက အသိပေးထားပါတယ်။

လတ်တလောမှာ ဒူးပလာယာခရိုင်အတွင်းက မြို့နယ်တွေဖြစ်ကြတဲ့ ကော့ကရိတ်၊ နို့တကော၊ ကျုံဒိုးနဲ့ ဝင်းရေးမြို့နယ်တွေအားလုံးမှာ KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုတွေ ရှိနေပြီး စစ်ဘေးတိမ်ရှောင်နေရတဲ့ ဒေသခံဦးရေကလည်း ပိုမိုများပြားလာနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook