Connect with us

Hi, what are you looking for?

News

ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုအား KIA ဝင်တိုက်

ဖက်ကာက ကြားနေရတယ်။ တိုက်တာက KIAလို့တော့ ပြောတာပဲ။ KIAပဲဖြစ်ဖို့များပါတယ်” ဟု နမ့်ဖက်ကာဒေသခံက ပြော သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နှင့် မူဆယ်အကြားရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုအား ကချင်လက်နက်ကိုင်အဖွဲ့(KIA)က ယနေ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဇူလိုင် ၂၉ရက် နံနက်ပိုင်းတွင် မူဆယ်နှင့် နမ့်ဖက်ကာအကြားရှိ နမ့်ပေါ်တပ်စခန်းအားလည်းကောင်း၊ နေ့လည်ပိုင်းတွင် နမ့်ဖက်ကာနှင့်ကွတ်ခိုင်အကြားရှိနမ့်ခိုင်တပ်စခန်း ကိုလည်းကောင်း KIAက စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

“ဒီဘက်မဖြစ်တာတော်တော်တောင်ကြာပြီ။ ဒီနေ့တော့ အကြီးတွေရောအသေးတွေရော နမ့်ဖက်ကာက ကြားနေရတယ်။ တိုက်တာက KIAလို့တော့ ပြောတာပဲ။ KIAပဲဖြစ်ဖို့များပါတယ်” ဟု နမ့်ဖက်ကာဒေသခံက ပြော သည်။

နေ့လည် ၁နာရီ ဝန်းကျင်နောက်ပိုင်းတွင် ပစ်ခတ်သံများရပ်သွားပြီး ယာဉ်များ ပုံမှန်အသွားအလာပြန်ဖြစ်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ရှမ်းမြောက်ဒေသခံတစ်ဦးကလည်း “နှစ်နေရာဖြစ်တယ်။ တိုက်ပွဲက အကြီးအကျယ်တော့မဟုတ်ဘူး ဖြစ်လေ့ဖြစ်ထပုံစံမျိုးပဲ။ KIA ကလက်နက်ကြီးနဲ့လှမ်းထုလိုက်တယ်။နမ့်ပေါ်မှာတော့ လက်နက်ကြီးအချင်းချင်း ဟိုဘက်ဒီဘက် ပစ်ကြတာ” ဟု ပြောသည်။

KIA တပ်စခန်းများရှိရာသို့ စစ်ကောင်စီက ထိုးစစ်ဆင်မှုများပြုလုပ်နေခြင်းနှင့် ပတ်သက်ပြီး စစ်ရေးဖိအားလျှော့ချရန် ယခုကဲ့သို့ တပ်စခန်းများကို တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်းဒေသခံက သုံးသပ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ်ရှိမြို့နယ်များ၊ စစ်ကိုင်းတိုင်းဒေသအချို့နှင့် ရှမ်းမြောက်ဒေသအချို့၌ KIAနှင့် စစ်ကောင်စီအကြားတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။