Connect with us

Hi, what are you looking for?

News

စစ်တပ်ပိုင် မြဝတီဘဏ်နှင့်အင်းဝဘဏ် ရုရှားဘဏ်ငါးခုတွင်ဘဏ်စာရင်းဖွင့်မည်ဟုဆို

စစ်ကောင်စီ၏ဗဟိုဘဏ်က စစ်တပ်ပိုင် မြဝတီဘဏ်နှင့်အင်းဝဘဏ်များသည် ရုရှားဘဏ် ၅ခုတွင် စာရင်းဖွင့်ရန် အမည်နှင့်ဆက်သွယ်ရမည့်သူများကို ရုရှားဗဟိုဘဏ်သို့ ပေးပို့ထားပြီးဖြစ်သည်ဟုလည်းလည်းစာတွင်​ဖော်ပြထားသည်။

●စစ်လက်နက်ဖိုး​ငွေ​ပေး​ချေရန် ၊စစ်ဗိုလ်ချုပ်များ၏ ပိုင်ဆိုင်မှုရုရှားသို့​ရွှေ့ရန်ဖြစ်နိုင်​ကြောင်းလုပ်ငန်းရှင်အချို့သုံးသပ်

စစ်တပ်ပိုင် မြဝတီဘဏ်နှင့် အင်းဝဘဏ်တို့က ရုရှားဘဏ် ၅ခုတွင် ဘဏ်စာရင်းဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ပြည်တွင်းဘဏ်လုပ်ငန်းရှင်များထံ ဧပြီ ၂၅ ရက်က အကြောင်းကြားသည့်စာတွင် ဖော်ပြထားသည်။

ထိုအကြောင်းကြားစာတွင် ရုရှားနှင့် မြန်မာနိုင်ငံရှိဘဏ်များကြား ဆွေးနွေးလိုသည်ဟု ဧပြီ ၂၀ ရက်တွင်အကြောင်းကြားလာခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ဗဟိုဘဏ်ကဆိုထားသည်။

စစ်တပ်ပိုင် မြဝတီဘဏ်

စစ်ကောင်စီ၏ဗဟိုဘဏ်က စစ်တပ်ပိုင် မြဝတီဘဏ်နှင့်အင်းဝဘဏ်များသည် ရုရှားဘဏ် ၅ခုတွင် စာရင်းဖွင့်ရန် အမည်နှင့်ဆက်သွယ်ရမည့်သူများကို ရုရှားဗဟိုဘဏ်သို့ ပေးပို့ထားပြီးဖြစ်သည်ဟုလည်းလည်းစာတွင်​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“စစ်တပ်နဲ့ ပတ်သတ်တဲ့ ဘဏ်တွေကသွားဖွင့်တာဆိုတော့ စစ်ဘက်ဆိုင်ရာနဲ့ လက်နက်တွေအတွက် ငွေချေဖို့လည်းဖြစ်နိုင်သလို၊ သူတို့ရဲ့ ပိုင်ဆိုင်မူတွေကို ရုရှားကို ရွှေ့ဖို့ ကြိုတင်ပြင်ဆင်တာလဲပါမယ်”ဟု ဘဏ္ဍာရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

မြဝတီဘဏ်နှင့် အင်းဝဘဏ်တို့က အာဏာသိမ်းစစ်တပ်အတွက် အဓိကငွေကြေးစီးဆင်းရာဘဏ္ဍာရေးလမ်းကြောင်းများဖြစ်ပြီး အမေရိကန်က ပိတ်ဆို့အရေးယူထားသည့် ဘဏ်များဖြစ်သည်။

“ရုရှားဘဏ်တွေဆီ ပိုင်ဆိုင်မှုတွေရွှေ့မလို့ စလှမ်းတဲ့ ခြေလှမ်းလို့ မြင်တယ်”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကသူ၏ အမြင်ကိုပြောသည်။

မြဝတီဘဏ်နှင့် အင်းဝဘဏ်တို့သည် ရှရုားနိုင်ငံဘဏ်ငါးခုတွင်​ငွေစာရင်းဖွင့်လှစ်ရန် အ​ကြောင်းကြားသဖြင့် နှစ်နိုင်ငံဘဏ်များကြား ​မေလတွင် ဗီဒီယိုကွန်းဖရင့်ပြုလုပ်ရန် ရုရှားဗဟိုဘဏ်က အ​ကြောင်းကြား​လာ​ကြောင်း စစ်​ကောင်စီ၏ ဗဟိုဘဏ်က မြန်မာနိုင်ငံဘဏ်များအသင်းသို့ အ​ကြောင်းကြားစာ​ပေးပို့ထားသည်။

ယူကရိန်းကို ရုရှားနိုင်ငံက ကျူးကျော်မူကြောင့် ရုရှားဘဏ်များသည်လည်း မြန်မာနိုင်ငံကဘဏ်များကဲ့သို့ ငွေသားထုတ်ယူခွင့်ကန့်သတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။