Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ်ပိုင် မြဝတီဘဏ်နှင့်အင်းဝဘဏ် ရုရှားဘဏ်ငါးခုတွင်ဘဏ်စာရင်းဖွင့်မည်ဟုဆို

စစ်ကောင်စီ၏ဗဟိုဘဏ်က စစ်တပ်ပိုင် မြဝတီဘဏ်နှင့်အင်းဝဘဏ်များသည် ရုရှားဘဏ် ၅ခုတွင် စာရင်းဖွင့်ရန် အမည်နှင့်ဆက်သွယ်ရမည့်သူများကို ရုရှားဗဟိုဘဏ်သို့ ပေးပို့ထားပြီးဖြစ်သည်ဟုလည်းလည်းစာတွင်​ဖော်ပြထားသည်။

●စစ်လက်နက်ဖိုး​ငွေ​ပေး​ချေရန် ၊စစ်ဗိုလ်ချုပ်များ၏ ပိုင်ဆိုင်မှုရုရှားသို့​ရွှေ့ရန်ဖြစ်နိုင်​ကြောင်းလုပ်ငန်းရှင်အချို့သုံးသပ်

စစ်တပ်ပိုင် မြဝတီဘဏ်နှင့် အင်းဝဘဏ်တို့က ရုရှားဘဏ် ၅ခုတွင် ဘဏ်စာရင်းဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ပြည်တွင်းဘဏ်လုပ်ငန်းရှင်များထံ ဧပြီ ၂၅ ရက်က အကြောင်းကြားသည့်စာတွင် ဖော်ပြထားသည်။

ထိုအကြောင်းကြားစာတွင် ရုရှားနှင့် မြန်မာနိုင်ငံရှိဘဏ်များကြား ဆွေးနွေးလိုသည်ဟု ဧပြီ ၂၀ ရက်တွင်အကြောင်းကြားလာခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ဗဟိုဘဏ်ကဆိုထားသည်။

စစ်တပ်ပိုင် မြဝတီဘဏ်

စစ်ကောင်စီ၏ဗဟိုဘဏ်က စစ်တပ်ပိုင် မြဝတီဘဏ်နှင့်အင်းဝဘဏ်များသည် ရုရှားဘဏ် ၅ခုတွင် စာရင်းဖွင့်ရန် အမည်နှင့်ဆက်သွယ်ရမည့်သူများကို ရုရှားဗဟိုဘဏ်သို့ ပေးပို့ထားပြီးဖြစ်သည်ဟုလည်းလည်းစာတွင်​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“စစ်တပ်နဲ့ ပတ်သတ်တဲ့ ဘဏ်တွေကသွားဖွင့်တာဆိုတော့ စစ်ဘက်ဆိုင်ရာနဲ့ လက်နက်တွေအတွက် ငွေချေဖို့လည်းဖြစ်နိုင်သလို၊ သူတို့ရဲ့ ပိုင်ဆိုင်မူတွေကို ရုရှားကို ရွှေ့ဖို့ ကြိုတင်ပြင်ဆင်တာလဲပါမယ်”ဟု ဘဏ္ဍာရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

မြဝတီဘဏ်နှင့် အင်းဝဘဏ်တို့က အာဏာသိမ်းစစ်တပ်အတွက် အဓိကငွေကြေးစီးဆင်းရာဘဏ္ဍာရေးလမ်းကြောင်းများဖြစ်ပြီး အမေရိကန်က ပိတ်ဆို့အရေးယူထားသည့် ဘဏ်များဖြစ်သည်။

“ရုရှားဘဏ်တွေဆီ ပိုင်ဆိုင်မှုတွေရွှေ့မလို့ စလှမ်းတဲ့ ခြေလှမ်းလို့ မြင်တယ်”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကသူ၏ အမြင်ကိုပြောသည်။

မြဝတီဘဏ်နှင့် အင်းဝဘဏ်တို့သည် ရှရုားနိုင်ငံဘဏ်ငါးခုတွင်​ငွေစာရင်းဖွင့်လှစ်ရန် အ​ကြောင်းကြားသဖြင့် နှစ်နိုင်ငံဘဏ်များကြား ​မေလတွင် ဗီဒီယိုကွန်းဖရင့်ပြုလုပ်ရန် ရုရှားဗဟိုဘဏ်က အ​ကြောင်းကြား​လာ​ကြောင်း စစ်​ကောင်စီ၏ ဗဟိုဘဏ်က မြန်မာနိုင်ငံဘဏ်များအသင်းသို့ အ​ကြောင်းကြားစာ​ပေးပို့ထားသည်။

ယူကရိန်းကို ရုရှားနိုင်ငံက ကျူးကျော်မူကြောင့် ရုရှားဘဏ်များသည်လည်း မြန်မာနိုင်ငံကဘဏ်များကဲ့သို့ ငွေသားထုတ်ယူခွင့်ကန့်သတ်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

တရားရုံး ထုတ်ပြန်ချက်မှာတော့ သံသယ တရားခံ ၄ ဦးထဲက တာဂျစ်ကစ္စတန် နိုင်ငံသား မာဇိုယက်ဗ်ဟာ အကြမ်းဖက် တိုက်ခိုက်မှုကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုတာ ဝန်ခံထားပြီး ဖြစ်တယ်လို့ ပါရှိခဲ့ပါတယ်။