Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်သားများနှင့်လက်နက်ပစ္စည်းများသယ်ပေးခြင်းမပြုရန် ကားမှန်ချမောင်းရန် ပြည်သူများအား ပုလောဒေသကာကွယ်ရေးတပ် ပန်ကြား

PRDF အနေဖြင့် ယခုရက်ပိုင်းအတွင်း ထားဝယ်-ပုလော-မြိတ် အဝေးပြေးကားလမ်းပေါ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်နှင့် လက်ပါးစေများ၏ သွားလာမှုကို စောင့်ကြည့်ကာ ဆက်လက် တိုက်ခိုက်သွားရန်ရှိကြောင်း ဖော်ပြထား သည်။

ပုလောဒေသကာကွယ်ရေးတပ်(PRDF) အနေဖြင့် စစ်ကောင်စီတပ်ယာဉ်များကို မိုင်းဆွဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ မှားယွင်းတိုက်ခိုက်မှုမဖြစ်စေရေးနှင့် ပြည်သူများ ထိခိုက်မှုမရှိစေရေး ကားမှန်ချမောင်းနှင်ရန်နှင့် စစ်ကောင်စီတပ်သားများ၊ လက်နက်၊ ပစ္စည်းများ သယ်ဆောင်ပေးခြင်းမပြုရန် PRDFက ယနေ့ အသိပေးချက်ထုတ်ပြန်လိုက်သည်။

PRDF အနေဖြင့် ယခုရက်ပိုင်းအတွင်း ထားဝယ်-ပုလော-မြိတ် အဝေးပြေးကားလမ်းပေါ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်နှင့် လက်ပါးစေများ၏ သွားလာမှုကို စောင့်ကြည့်ကာ ဆက်လက် တိုက်ခိုက်သွားရန်ရှိကြောင်း ဖော်ပြထား သည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ မလုပ်မီ သတင်းစုံစမ်း ပြီး လုပ်ဆောင်လေ့ရှိ သော်လည်း အကြောင်းမသင့်၍ ပြည်သူများ၏ သွားလာမှုများကို မှားယွင်း တိုက်ခိုက်မှု မလုပ်မိစေရန်အတွက် အဝေးပြေး လမ်းမကြီးပေါ်တွင် ဖြစ်စေ၊ ကျေးရွာများနှင့် မြို့တွင်းလမ်းများ၌ ဖြစ်စေ ကားမှန်တံခါးများ ချပြီးမှသာ မောင်းနှင်သွားလာကြရန် PRDFက မေတ္တာရပ်ခံထားသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၎င်းတို့နှင့် သက်ဆိုင်သည့် ရိက္ခာများ၊ ကုန်များ၊ လက်နက်များ စသည်တို့ကို သယ်ဆောင်ပေးခြင်း လုံး၀ မပြုလုပ်ရန်လည်း မေတ္တာ ရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

လိုက်နာခြင်းမရှိဘဲ စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ ပစ္စည်း ရိက္ခာများ၊ ကုန်များ တင်ဆောင်လာခြင်း၊ ကားမှန်မချဘဲ မောင်းနှင်လာခြင်းတို့ကြောင့် မှားယွင်း ပစ်ခတ်ခြင်း မိုင်းဆွဲမိခြင်း ဖြစ်ပါက တာဝန်ယူမည်မဟုတ်ဟုလည်း ပုလောဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။