Connect with us

Hi, what are you looking for?

News

အရှေ့စည်းရွာတိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်အလောင်းခုနစ်လောင်းနှင့် လက်နက်များ သိမ်းဆည်းရမိဟု PDFကလေး ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မြောက်စည်းရွာဘက်မှ အရှေ့စည်းရွာဘက်ကို ယနေ့ နံနက်တွင်လည်း လက်နက်ကြီးများ ဆက်တိုက်ပစ်ခဲ့သည်ဟု PDF(ကလေး)က အသိပေးသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း အရှေ့စည်းကျေးရွာ တိုက်ပွဲအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား အလောင်း ခုနစ်လောင်း၊ သေနတ် တစ်လက်နှင့် ကျည်ဆန်များသိမ်းဆည်းရမိကြောင်း PDF(ကလေး)က ယနေ့ သတင်းထုတ်ပြန်သည်။

အရှေ့စည်းရွာတွင် ယမန်နေ့(ဧပြီ ၂၇ ရက်)က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြားတိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ထိုကျေးရွာကို PDF(ကလေး)က နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် အလောင်းများကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သားအလောင်းများမှာ တိုက်ပွဲအတွင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ MA မောင်းပြန် ၁လက်၊ MA ကျည်အိမ် ၈ ခု၊ ၅.၅၆ ကျည် ၅၀၀တောင့် ၊ အီနာဂါ ဗုံးသီး ၁လုံး၊ (၆၀) မမ ဗုံးသီး ၂လုံး၊ ဖုန်း ၃လုံး၊ စကားပြောစက် ၂လုံးတိုကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မြောက်စည်းရွာဘက်မှ အရှေ့စည်းရွာဘက်ကို ယနေ့ နံနက်တွင်လည်း လက်နက်ကြီးများ ဆက်တိုက်ပစ်ခဲ့သည်ဟု PDF(ကလေး)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အောင်မင်္ဂလာရွာနှင့် အောင်သာယာရွာများဘက်သို့လည်း လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ကာ စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု PDF(ကလေး)က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။