Connect with us

Hi, what are you looking for?

News

အရှေ့စည်းရွာတိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်အလောင်းခုနစ်လောင်းနှင့် လက်နက်များ သိမ်းဆည်းရမိဟု PDFကလေး ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မြောက်စည်းရွာဘက်မှ အရှေ့စည်းရွာဘက်ကို ယနေ့ နံနက်တွင်လည်း လက်နက်ကြီးများ ဆက်တိုက်ပစ်ခဲ့သည်ဟု PDF(ကလေး)က အသိပေးသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း အရှေ့စည်းကျေးရွာ တိုက်ပွဲအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား အလောင်း ခုနစ်လောင်း၊ သေနတ် တစ်လက်နှင့် ကျည်ဆန်များသိမ်းဆည်းရမိကြောင်း PDF(ကလေး)က ယနေ့ သတင်းထုတ်ပြန်သည်။

အရှေ့စည်းရွာတွင် ယမန်နေ့(ဧပြီ ၂၇ ရက်)က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြားတိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ထိုကျေးရွာကို PDF(ကလေး)က နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် အလောင်းများကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သားအလောင်းများမှာ တိုက်ပွဲအတွင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ MA မောင်းပြန် ၁လက်၊ MA ကျည်အိမ် ၈ ခု၊ ၅.၅၆ ကျည် ၅၀၀တောင့် ၊ အီနာဂါ ဗုံးသီး ၁လုံး၊ (၆၀) မမ ဗုံးသီး ၂လုံး၊ ဖုန်း ၃လုံး၊ စကားပြောစက် ၂လုံးတိုကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မြောက်စည်းရွာဘက်မှ အရှေ့စည်းရွာဘက်ကို ယနေ့ နံနက်တွင်လည်း လက်နက်ကြီးများ ဆက်တိုက်ပစ်ခဲ့သည်ဟု PDF(ကလေး)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အောင်မင်္ဂလာရွာနှင့် အောင်သာယာရွာများဘက်သို့လည်း လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ကာ စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု PDF(ကလေး)က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook