Connect with us

Hi, what are you looking for?

News

တီးတိန်မြို့တွင် CNA နှင့် ZRA နှစ်ရက်ဆက်တိုက်ပွဲဖြစ်

CNAသည် ၎င်းတို့ထိန်းချုပ်ထားသည့် တီးတိန်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ခြင်းကြောင့် တိုက်ပွဲများဖြစ်ရသည်ဟု ZRAနှင့် နီးစပ်သူတစ်ဦးက တုန့်ပြန်သည်။

ချင်းအမျိုးသားတပ်မ​တော်(CNA) တပ်ဖွဲ့ဝင်များ

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် CNAနှင့် ZRAတို့ ဧပြီ ၂၇ ရက်မှ စတင်ပြီး နှစ်ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

နှစ်ဖက်လက်နက်ကိုင်များသည် တီးတိန်မြို့တွင် ဧပြီ ၂၇ ရက် နံနက် ၇နာရီတွင် တစ်ကြိမ်၊ ဧပြီ ၂၈ ရက် ညနေ ၃နာရီတွင်တကြိမ် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိတွေ့ တိုက်ပွဲသည် မိနှစ်ပိုင်းသာကြာမြင့်သည့် တိုက်ပွဲငယ်သာဖြစ်ပြီး အထိအခိုက်မရှိကြောင်း CNA(ချင်းအမျိုးသားတပ်မ​တော်)နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ZRA တပ်ဖွဲ့ဝင်များ

“နှစ်ဖက် အပြန်အလှန် ပစ်ကြတာပါ။ တိုက်ပွဲကြီးဖြစ်တာမျိုး မဟုတ်ဘူး”ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

CNAသည် ၎င်းတို့ထိန်းချုပ်ထားသည့် တီးတိန်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ခြင်းကြောင့် တိုက်ပွဲများဖြစ်ရသည်ဟု ZRAနှင့် နီးစပ်သူတစ်ဦးက တုန့်ပြန်သည်။

CNAနှင့် ZRA( ဇိုနီးတော်လှန်ရေးတပ်)တို့သည် ၂၀၂၁ နိုဝင်ဘာ ၁၇ ရက်တွင် ပထမဦးဆုံးအကြမ်းတိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ် လက်နက်ကိုင်များ ပူးပေါင်းထားသည့် CDJC (Chinland Defense Join Committee)က ZRA ကို Zomi Revolution Organization/ Zomi Revolution Army (Eastern Command) ကို အကြမ်းဖက်စစ်​ကောင်စီအလိုကျ ​ဒေသတွင်း CDF အဖွဲ့များကို မကြာခဏတိုက်ခိုက်​နေသဖြင့်အကြမ်းဖက်အဖွဲ့အစည်းဖြစ် ၂၀၂၂ ဧပြီ ၁၂ ရက် ကထုတ်ပြန်ကြေညာခဲ့သည်။ ZRAသည် တီးတိန်နှင့် တွန်းဇံရှိ ပြည်သူများကို ကိုယ်စားမပြုခြင်းကြောင့်ယခုလိုကြေညာရခြင်းဖြစ်သည်ဟုထုတ်ပြန်ထားသည်။ ZRA သည် စစ်​ကောင်စီ အာဏာသိမ်းပြီး​နောက်ပိုင်း စစ်​ကောင်စီကို တစ်ကြိမ်မျှ မတိုက်ဘဲ ၊စစ်​ကောင်စီကို ခုခံ​တော်လှန်​နေ​သော CDF နှင့် CNA တို့ကိုသာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook