Connect with us

Hi, what are you looking for?

News

စစ်ကောင်စီသည် PDFအား တိုက်ခိုက်ရန် ပြည်သူအချို့စည်းရုံးပြီး လက်နက်တပ်ဆင်ပေးနေ၍ ရန်သူ့လက်နက်၊ ကိုယ့်လက်နက်ဖြစ်​စေ​ရေး လုပ်ဆောင်ကြရန် ဗိုလ်နဂါးက တိုက်တွန်း

စစ်ကောင်စီသည် နည်းလမ်းပေါင်းစုံဖြင့်ယုတ်မာနေပြီး ပြည်သူ့လုံခြုံရေးတပ်အဖြစ် ဖွဲ့စည်းထားကြောင်း၊ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးတပ်တွင် ပါးပါးနပ်နပ်ပါ၀င်ပြီး လက်နက်များယူရန်နှင့် သတင်းပေးရန် မြန်မာ့တော်၀င်နဂါးတပ်တော်(ရန်ကုန်)ကလည်း ထုတ်ပြန် တိုက်တွန်းထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့ကာကွယ်​ရေးတပ်(PDF)အား တန်ပြန်တိုက်ခိုက်ရန် ပြည်သူအချိို့အား စည်းရုံးပြီး လက်နက်တပ်ဆင်ပေးနေ၍ အဆိုပါလက်နက်အား ရန်သူ့လက်နက် ၊ကိုယ့်လက်နက်ဖြစ်​စေ​ရေးလုပ်ဆောင်ကြရန် ဗိုလ်နဂါးက တိုက်တွန်းလိုက်သည်။

” တို့ပြည်သူတွေ လက်နက်အလွယ်တကူရယူနိုင်မယ့် အခွင့်ရေးကောင်းကို လက်မလွတ်ကြဖို့ စကစ လက်နက်တပ်ဆင်မယ့် ပြည်သူ့လုံခြုံရေးဆိုတဲ့ အဖွဲ့တွေမှာပါဝင်ကြပါ။ဒါဟာအခွင့်အရေးကောင်းတစ်ခုဖြစ်တယ်” ဟု မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင် ဗိုလ်နဂါးက လူမှုကွန်ရက်မှတစ်ဆင့် ယနေ့(ဧပြီ ၂၉ရက်) တိုက်တွန်းခြင်းဖြစ်သည်။

စစ်ကောင်စီသည် နည်းလမ်းပေါင်းစုံဖြင့်ယုတ်မာနေပြီး ပြည်သူ့လုံခြုံရေးတပ်အဖြစ် ဖွဲ့စည်းထားကြောင်း၊ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးတပ်တွင် ပါးပါးနပ်နပ်ပါ၀င်ပြီး လက်နက်များယူရန်နှင့် သတင်းပေးရန် မြန်မာ့တော်၀င်နဂါးတပ်တော်(ရန်ကုန်)ကလည်း ထုတ်ပြန် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံဒေသအနှံ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အင်အားကောင်းလာပြီး စစ်ကောင်စီအား အရှိန်မြှင့်တိုက်ခိုက်နေသည်။ တိုက်ပွဲတိုင်းတွင် အထိနာပြီး အကျပ်ရိုက်နေသည့် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းထားသလို တစ်ဖက်တွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များအား အကြမ်းဖက်အဖွဲ့အဖြစ် ဝါဒဖြန့်ကာ ပြည်သူချင်း ပြန်တိုက်ခိုက်စေရန် နည်းပေါင်းစုံကြိုးစားနေသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် လုံခြုံရေးအကြောင်းပြကာ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့စည်းရန် စစ်ကောင်စီက လူစုနေသည်ဟု သတင်းများထွက်ပေါ်နေသည်။.

တောင်ဒဂုံ၊မြောက်ဒဂုံ၊မြောက်ဥက္ကလာပ၊ လှိုင်သာယာနှင့်ရွှေပြည်သာမြို့နယ်အပါအဝင် အဆိုပါမြို့နယ်များမှ ဆင်​ခြေဖုံးရပ်ကွက်များရှိ ခိုး၊ဆိုး၊လုနှိုက်များကို တစ်ရက်လျှင် နေ့စား ရှစ်ထောင်ကျပ်ပေးကာ လူစုနေခြင်းဖြစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသူတစ်ဦးက People’s Spring သို့ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။