Connect with us

Hi, what are you looking for?

News

တောင်ငူနယ်တွင် စစ်​ကြောင်းထိုး​နေ​သော စစ်​ကောင်စီတပ်ကို Bago Region PDF တိုက်ခိုက်

ပြည်သူလူထုအား နည်းမျိုးစုံဖြင့် နှိပ်စက်ဖိနှိပ်နေသော အကြမ်းဖက်စစ်ကောင်စီကို ပဲခူးတိုင်း PDF တပ်ရင်းများအနေဖြင့် တိုးမြှင့်တိုက်ခိုက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(မြာရွာ​ဒေသခံ စစ်​ဘေး​ရှောင်များအား ​တွေ့ရစဥ်)

▪️စစ်​ကောင်စီတပ်က ​မြာ​ကျေးရွာအား ပစ်ခတ်၍ ​ဒေသခံများ ​ဘေးလွတ်ရာ​ရှောင်​နေရ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် စမိုးလမ်း‌အနီး စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ အနည်းဆုံးရှစ်ဦးသေဆုံးကြောင်း Bago Region PDF က ထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၃၀ ရက်) ညနေ ၆နာရီခန့်က တောင်ငူခရိုင် တပ်ရင်းအမှတ် (၃၅၀၁)၊ တပ်ခွဲ (၃) ဗိုလ်ကြက်သွန် တပ်ဖွဲ့မှ အင်အား ၃၀နီးပါးရှိသော စစ်ကောင်စီ ‌စစ်ကြောင်းတစ်ခုကို ရှေ့ထွက်ပြောင်းဖြင့် ဦးစွာပစ်ပြီးထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံးရှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

(မြာရွာ​ဒေသခံ စစ်​ဘေး​ရှောင်များအား ​တွေ့ရစဥ်)

အလားတူ ယမန်နေ့(ဧပြီ ၂၉ ရက်) နံနက် ၉ နာရီခန့်ကလည်း တောင်ငူမြို့နယ်ရှိ ဝက်ခေါက်စိန်ကျေးရွာအုပ်စု မြာရွာအနီးရှိ PDF တပ်ဖွဲ့ဝင်များအား အကြမ်းဖက်စစ်ကောင်စီမှ သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

သို့​သော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် လူ အင်အား၊ လက်နက်အင်အား မမျှတသောကြောင့် ဆုတ်ခွာပေးခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement

အလားတူ စစ်ကောင်စီတပ်မှ မြာရွာအတွင်း လက်နက် ကြီးများဖြင့် ပစ်ခတ်၀င်ရောက်လာတာကြောင့် ‌ဒေသခံပြည်သူ ၂၀၀ကျော် စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

“ရွာထဲကို လက်နက်ကြီးနဲ့ချည်း ပစ်တာ၁၀ချက်ကျော်တယ်။ပြီးတော့ သေနတ်သံတွေကို အတွဲလိုက်ပစ်တာဆိုတာလည်း မရေနိုင်ဘူး။ ကျွန်တော်တို့ အရေးပေါ်ထ ပြေးရတော့ ဘာအစားအစာမှ မယ်မယ်ရရမရှိဘူး။ဆေးဝါး ဆိုတာ တော့ ပြောမနေနဲ့ “ဟု စစ်ဘေးရှောင် မြာရွာ ဒေသခံတစ်ဦးက ပြောသည်။

(မြာရွာ​ဒေသခံ စစ်​ဘေး​ရှောင်များအား ​တွေ့ရစဥ်)

စစ်ဘေးရှောင်ပြည်သူများသည် တိုက်ပွဲဖြစ်ပွားရာဘေးလွတ်ရာသို့ရှောင်နေကြစဉ် အခြေခံလိုအပ်ချက်များနှင့် စားနပ်ရိက္ခာ၊ ဆေးဝါးများများ လိုအပ်လျက်ရှိနေပြီး တောင်ငူခရိုင် တပ်ရင်းအမှတ်(၃၅၀၁)မှ စစ်ဘေးရှောင်ပြည်သူများ​၏ လိုအပ်ချက်များကို တနိုင်တပိုင်ကူညီပေးနေပြီး လိုအပ်ချက်များစွာ ရှိနေကြောင်း အသိပေးသည်။

ပြည်သူလူထုအား နည်းမျိုးစုံဖြင့် နှိပ်စက်ဖိနှိပ်နေသော အကြမ်းဖက်စစ်ကောင်စီကို ပဲခူးတိုင်း PDF တပ်ရင်းများအနေဖြင့် တိုးမြှင့်တိုက်ခိုက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook