Connect with us

Hi, what are you looking for?

News

ဒေါ်လာငါးသိန်းလာဘ်ယူတယ်ဆိုပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့ထပ်တိုးတရားစွဲ

ဒီအမှုဟာ အာဏာသိမ်းပြီးနောက် ခေါ်ယူစစ်ဆေးခံရတဲ့ ဦးမောင်ဝိတ်ရဲ့ထွက်ဆိုချက်ကို အကြောင်းပြကာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲတဲ့အမှုဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံကနေ အမေရိကန် ဒေါ်လာ ငါးသိန်း လာဘ်ယူတယ်ဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ထပ်တိုးတရားစွဲထားတဲ့ အဂတိအမှု ၂ မှုကို မနေ့က နေပြည်တော်အထူးတရားရုံးမှာစတင်စစ်ဆေးခဲ့ပါတယ်။

ဒီအမှုဟာ အာဏာသိမ်းပြီးနောက် ခေါ်ယူစစ်ဆေးခံရတဲ့ ဦးမောင်ဝိတ်ရဲ့ထွက်ဆိုချက်ကို အကြောင်းပြကာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲတဲ့အမှုဖြစ်ပါတယ်။

ဦးမောင်ဝိတ်ရဲ့ ထွက်ဆိုချက်ရုပ်သံဖိုင်ကို အာဏာသိမ်းပြီး တစ်လကျော်အကြာမှာ စစ်ကောင်စီက ဝါဒဖြန့်ထုတ်လွှင့်ခဲ့ဖူးပါတယ်။

အဲဒီရုပ်သံဖိုင်ထဲမှာ ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ငန်းတွေအဆင်ပြေစေဖို့ အစိုးရအဖွဲ့ ထံ လှူဒါန်းတာတွေလုပ်ခဲ့သလို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်လည်းအလှူငွေပေးအပ်ခဲ့တယ်လို့ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

စုစုပေါင်း ဒေါ်လာငါးသိန်းကိုအကြိမ်ရေခွဲကာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာသွားပေးခဲ့တယ်လို့လည်း ထွက်ဆိုထားတာတွေ့ရပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး အဂတိပုဒ်မတွေ အပါအဝင် ဒါဇင်နဲ့ချီတဲ့ အမှုတွေ နဲ့ တရားစွဲဆိုထားပါတယ်။ အမှုအချို့အတွက် ထောင်ဒဏ် ၁၁ နှစ်ချထားပြီးဖြစ်ပါတယ်။

မနေ့က တရားရုံးမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အတွက် မြေနေရာကိစ္စနဲ့ပတ်သက်ပြီး အဂတိအမှုနဲ့စွဲဆိုထားတဲ့အမှု ကိုစစ်ဆေးဖို့စီစဉ်ရာမှာ တရားလိုပြသက်သေဖြစ်တဲ့ ဒေါက်တာသန့်သော်ကောင်းမလာတဲ့အတွက် မစစ်ဆေးဖြစ်ဘူးလို့သိရပါတယ်။

ဒေါက်တာသန့်သော်ကောင်းဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။