Connect with us

Hi, what are you looking for?

News

ဖောင်းပြင်တွင် မူးယစ်ဆေးဝါးရောင်းချနေသည့်နေအိမ်အား PDF ဝင်ရောက်ရှာဖွေ၊ မူးယစ်ဆေးရောင်းသူအပါအဝင် သုံးစွဲနေသူ​လေးဦးဖမ်းမိ

ဖောင်းပြင်မြို့၊ အုန်းသာရွာရှိ နေအိမ်တစ်အိမ်ကို ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လှုပ်ရှားတပ်စုတစ်စုက ဝင်ရောက်ရှာဖွေခဲ့ပြီး မူးယစ်ဆေးဝါးအချိို့၊ဆိုင်ကယ်သုံးစီး၊ ကျပ်ငါးသိန်းကျော်နှင့် လူလေးဦးကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

People's Spring
People's Spring

ဖောင်းပြင်မြို့တွင် မူးယစ်ဆေးဝါးရောင်းချနေသည်ဟု ပြည်သူကသတင်းပေးသည့်နေအိမ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ မူးယစ်ဆေးရောင်းသူအပါအဝင် သုံးစွဲနေသူ စုစုပေါင်းလေးဦးကို ဖမ်းမိခဲ့သည်။

ဖောင်းပြင်မြို့၊ အုန်းသာရွာရှိ နေအိမ်တစ်အိမ်ကို ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လှုပ်ရှားတပ်စုတစ်စုက ဝင်ရောက်ရှာဖွေခဲ့ပြီး မူးယစ်ဆေးဝါးအချိို့၊ဆိုင်ကယ်သုံးစီး၊ ကျပ်ငါးသိန်းကျော်နှင့် လူလေးဦးကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

” ဖမ်းဆီးထိန်းသိမ်းထားပြီး(၇)ရက်ခန့်ပြစ်ဒဏ်ပေးပြီးလျှင် ၎င်းတို့လှူဒါန်းသော ငွေကျပ်(၃) သိန်းမှအပကျန်ငွေများနှင့်ဆိုင်ကယ်သုံးစီး ကိုပြန်ပေးပြီး(၄)ဦးစလုံးကိုလွှတ်ပေးမည်​​ဖြစ်သည်” ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(မေ ၄ရက်)သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရရှိသည့် မူးယစ်ဆေးများကို ၎င်းတို့ မျက်စိရှေ့မှောက်၌ ဖျက်ဆီးမည်ဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့အုပ်ချုပ်ရေးယန္တရားအကောင်းအထည်ဖော်နေသည့်ဖောင်းပြင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် လူထု၏ထောက်ခံမှုကို ရရှိထားသည်။ ဒေသတွင်း၌ မူးယစ်ဆေးဝါးရောင်းဝယ်နေသူ များကို ဖမ်းဆီးထိန်းသိမ်းပေးရန်၊ လူထုအပေါ်ဆတ်ကြေးကောက်နေသည့် ရှမ်းနီအဖွဲ့ကို တားဆီးပေးရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဒေသခံများက တောင်းဆိုခဲ့ကြသည်။

ဟုမ္မလင်းမြို့နယ်တွင်အခြေစိုက်သည့် ရှမ်းနီအမျိုးသားများတပ်မတော် (Shanni Nationalities Army-SNA)ဟု ဒေသခံများကသိရှိထားသည့် ရှမ်းနီလက်နက်ကိုင်အဖွဲ့အား အမျိုးသားညီညွတ်ရေးအစိုးရအုပ်ချုပ်မှုနယ်မြေတွင် အခွန်ငွေအကြောင်းပြ၍ ဆက်ကြေးလာမကောက်ရန် ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီ ၂၆ရက်တွင် သတိပေးခဲ့သည်။

ထို့နောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီ၊ရှမ်းနီ ပူးပေါင်းအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဧပြီ ၂၈ရက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ရှမ်းနီဘက်က ၁၅ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွင်း မေလနဲ့ ဇွန်လ တတိယပတ်အထိ စစ်ဆင်​ရေး​တွေမှာစစ်သား (၃၃) ဦးသေဆုံးပြီး (၁၇) ဦးဒဏ်ရာရရှိကာ ၊စစ်သုံ့ပန်း (၂)ဦး ၊ လက်နက်မျိုးစုံ (၁၆) လက်နဲ့ ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီကနေ့...

သတင်း

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။