Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖောင်းပြင်တွင် မူးယစ်ဆေးဝါးရောင်းချနေသည့်နေအိမ်အား PDF ဝင်ရောက်ရှာဖွေ၊ မူးယစ်ဆေးရောင်းသူအပါအဝင် သုံးစွဲနေသူ​လေးဦးဖမ်းမိ

ဖောင်းပြင်မြို့၊ အုန်းသာရွာရှိ နေအိမ်တစ်အိမ်ကို ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လှုပ်ရှားတပ်စုတစ်စုက ဝင်ရောက်ရှာဖွေခဲ့ပြီး မူးယစ်ဆေးဝါးအချိို့၊ဆိုင်ကယ်သုံးစီး၊ ကျပ်ငါးသိန်းကျော်နှင့် လူလေးဦးကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

People's Spring
People's Spring

ဖောင်းပြင်မြို့တွင် မူးယစ်ဆေးဝါးရောင်းချနေသည်ဟု ပြည်သူကသတင်းပေးသည့်နေအိမ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ မူးယစ်ဆေးရောင်းသူအပါအဝင် သုံးစွဲနေသူ စုစုပေါင်းလေးဦးကို ဖမ်းမိခဲ့သည်။

ဖောင်းပြင်မြို့၊ အုန်းသာရွာရှိ နေအိမ်တစ်အိမ်ကို ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လှုပ်ရှားတပ်စုတစ်စုက ဝင်ရောက်ရှာဖွေခဲ့ပြီး မူးယစ်ဆေးဝါးအချိို့၊ဆိုင်ကယ်သုံးစီး၊ ကျပ်ငါးသိန်းကျော်နှင့် လူလေးဦးကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

” ဖမ်းဆီးထိန်းသိမ်းထားပြီး(၇)ရက်ခန့်ပြစ်ဒဏ်ပေးပြီးလျှင် ၎င်းတို့လှူဒါန်းသော ငွေကျပ်(၃) သိန်းမှအပကျန်ငွေများနှင့်ဆိုင်ကယ်သုံးစီး ကိုပြန်ပေးပြီး(၄)ဦးစလုံးကိုလွှတ်ပေးမည်​​ဖြစ်သည်” ဟု ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(မေ ၄ရက်)သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရရှိသည့် မူးယစ်ဆေးများကို ၎င်းတို့ မျက်စိရှေ့မှောက်၌ ဖျက်ဆီးမည်ဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့အုပ်ချုပ်ရေးယန္တရားအကောင်းအထည်ဖော်နေသည့်ဖောင်းပြင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် လူထု၏ထောက်ခံမှုကို ရရှိထားသည်။ ဒေသတွင်း၌ မူးယစ်ဆေးဝါးရောင်းဝယ်နေသူ များကို ဖမ်းဆီးထိန်းသိမ်းပေးရန်၊ လူထုအပေါ်ဆတ်ကြေးကောက်နေသည့် ရှမ်းနီအဖွဲ့ကို တားဆီးပေးရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဒေသခံများက တောင်းဆိုခဲ့ကြသည်။

ဟုမ္မလင်းမြို့နယ်တွင်အခြေစိုက်သည့် ရှမ်းနီအမျိုးသားများတပ်မတော် (Shanni Nationalities Army-SNA)ဟု ဒေသခံများကသိရှိထားသည့် ရှမ်းနီလက်နက်ကိုင်အဖွဲ့အား အမျိုးသားညီညွတ်ရေးအစိုးရအုပ်ချုပ်မှုနယ်မြေတွင် အခွန်ငွေအကြောင်းပြ၍ ဆက်ကြေးလာမကောက်ရန် ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီ ၂၆ရက်တွင် သတိပေးခဲ့သည်။

ထို့နောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီ၊ရှမ်းနီ ပူးပေါင်းအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဧပြီ ၂၈ရက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ရှမ်းနီဘက်က ၁၅ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။