Connect with us

Hi, what are you looking for?

News

မတ္တရာမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တပ်စခန်းကို စစ်ကောင်စီတပ်ဝင်စီး

စစ်ကောင်စီတပ်သည် သဖန်းကိုင်းကျေးရွာရှိ စခန်းတစ်ခုအား အင်အားသုံး စီးနင်းဝင်ရောက်ခဲ့၍ မေလ ၄ရက် နံနက် ၇နာရီအချိန်တွင် ညီနောင်မဟာမိတ် (၄)ဖွဲ့က စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၁ဦးသေ၊ ငါးဦး ဒဏ်ရာ ရခဲ့သည်ဟု ဖော်ပြထားသည်။

▪️အမျိုးသမီးသုံးဦးအပါအဝင် ခုနစ်ဦးဖမ်းဆီးခံရဟု ဒေသခံပြော၊ စစ်​​ကောင်စီတပ် ၁၁ ဦး​သေဟုPDFအဖွဲ့များထုတ်ပြန်

မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ သဖန်းကိုင်းကျေးရွာ အုပ်စုသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် ရှိခဲ့သည်ဟု မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်(MPDF)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် သဖန်းကိုင်းကျေးရွာရှိ စခန်းတစ်ခုအား အင်အားသုံး စီးနင်းဝင်ရောက်ခဲ့၍ မေလ ၄ရက် နံနက် ၇နာရီအချိန်တွင် ညီနောင်မဟာမိတ် (၄)ဖွဲ့က စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၁ဦးသေ၊ ငါးဦး ဒဏ်ရာ ရခဲ့သည်ဟု ဖော်ပြထားသည်။

အနီးရှိ ​ဒေသခံပြည်သူ ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား သည်ဟုဆိုသည်။ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့သည့် အဖွဲ့များမှာ နဂါးညီနောင် PDF၊ MDY PDF၊ ဇာမနီ PDF၊ မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ ဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

” ဒီနေ့ မနက် ၅နာရီမှာ ကားကြီးက ၇စီး၊ ကားလေးက ၆စီး ဝင်တယ်။ အင်အား ၂၀၀ ကျော်အင်အားနဲ့။ ဝင်ပြီး တော့ မြောင်းသစ်ရွာထိပ်မှာ ကားတွေရပ်တယ်။ မြောင်းသစ်ရွာ ပတ်ချာလည်ကို ဖြတ်မွှေတယ်။ ၇နာရီ မထိုးခင် ၅မိနစ်မှာ စပြီးပစ်ခတ်မှု ဖြစ်တယ်။ လက်နက်ကြီးတွေပစ်တယ်။ RPG သံတွေကြားတယ်။ အဲဒီမှာ နောက်ဆုံး သတင်းအတည်ပြုနိုင်ကျတော့ သူတို့နေတဲ့ တဲနေရာမှာ ခုနစ်ယောက်၊ အမျိုးသမီးက သုံးယောက်တဲ့။ အမျိုးသားက လေးယောက်တဲ့။ တစ်နေရာထဲမှာ ခုနစ်ဦး အဖမ်းခံရတယ်ကြားတယ်။ သူတို့နေတဲ့ တဲကို မီးရှို့သွားပြီလို့ ကြားတယ်။အဲဒီနေရာက မြောင်းသစ်ရွာနဲ့ သဖန်းကိုင်ရွာကြားမှာပေါ့”ဟု မတ္တရာ ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း မတ္တရာမြို့နယ်ရှိ ကျေးလက်ဒေသများသို့ ဝင်ရောက်စစ်ကြောင်းထိုး လှုပ်ရှားခဲ့၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ