Connect with us

Hi, what are you looking for?

LuduNwayOo

News

မတ္တရာမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တပ်စခန်းကို စစ်ကောင်စီတပ်ဝင်စီး

စစ်ကောင်စီတပ်သည် သဖန်းကိုင်းကျေးရွာရှိ စခန်းတစ်ခုအား အင်အားသုံး စီးနင်းဝင်ရောက်ခဲ့၍ မေလ ၄ရက် နံနက် ၇နာရီအချိန်တွင် ညီနောင်မဟာမိတ် (၄)ဖွဲ့က စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၁ဦးသေ၊ ငါးဦး ဒဏ်ရာ ရခဲ့သည်ဟု ဖော်ပြထားသည်။

▪️အမျိုးသမီးသုံးဦးအပါအဝင် ခုနစ်ဦးဖမ်းဆီးခံရဟု ဒေသခံပြော၊ စစ်​​ကောင်စီတပ် ၁၁ ဦး​သေဟုPDFအဖွဲ့များထုတ်ပြန်

မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ သဖန်းကိုင်းကျေးရွာ အုပ်စုသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် ရှိခဲ့သည်ဟု မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်(MPDF)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် သဖန်းကိုင်းကျေးရွာရှိ စခန်းတစ်ခုအား အင်အားသုံး စီးနင်းဝင်ရောက်ခဲ့၍ မေလ ၄ရက် နံနက် ၇နာရီအချိန်တွင် ညီနောင်မဟာမိတ် (၄)ဖွဲ့က စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၁ဦးသေ၊ ငါးဦး ဒဏ်ရာ ရခဲ့သည်ဟု ဖော်ပြထားသည်။

အနီးရှိ ​ဒေသခံပြည်သူ ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား သည်ဟုဆိုသည်။ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့သည့် အဖွဲ့များမှာ နဂါးညီနောင် PDF၊ MDY PDF၊ ဇာမနီ PDF၊ မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ ဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

” ဒီနေ့ မနက် ၅နာရီမှာ ကားကြီးက ၇စီး၊ ကားလေးက ၆စီး ဝင်တယ်။ အင်အား ၂၀၀ ကျော်အင်အားနဲ့။ ဝင်ပြီး တော့ မြောင်းသစ်ရွာထိပ်မှာ ကားတွေရပ်တယ်။ မြောင်းသစ်ရွာ ပတ်ချာလည်ကို ဖြတ်မွှေတယ်။ ၇နာရီ မထိုးခင် ၅မိနစ်မှာ စပြီးပစ်ခတ်မှု ဖြစ်တယ်။ လက်နက်ကြီးတွေပစ်တယ်။ RPG သံတွေကြားတယ်။ အဲဒီမှာ နောက်ဆုံး သတင်းအတည်ပြုနိုင်ကျတော့ သူတို့နေတဲ့ တဲနေရာမှာ ခုနစ်ယောက်၊ အမျိုးသမီးက သုံးယောက်တဲ့။ အမျိုးသားက လေးယောက်တဲ့။ တစ်နေရာထဲမှာ ခုနစ်ဦး အဖမ်းခံရတယ်ကြားတယ်။ သူတို့နေတဲ့ တဲကို မီးရှို့သွားပြီလို့ ကြားတယ်။အဲဒီနေရာက မြောင်းသစ်ရွာနဲ့ သဖန်းကိုင်ရွာကြားမှာပေါ့”ဟု မတ္တရာ ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း မတ္တရာမြို့နယ်ရှိ ကျေးလက်ဒေသများသို့ ဝင်ရောက်စစ်ကြောင်းထိုး လှုပ်ရှားခဲ့၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။