Connect with us

Hi, what are you looking for?

News

ရာသီဥတုအလွန်ဆိုးနေသော်လည်း စစ်ကောင်စီတပ် ယာဉ်တန်းကို တိုက်ခိုက်ရန်စောင့်ဆိုင်းနေဟု မင်းတပ် CDF ပြော

စစ်ကောင်စီယာဉ်တန်းသည် မတူပီမှ ဧပြီ ၂၇ရက်တွင် ထွက်ခွာလာရာ ဧပြီ ၃၀ရက်တွင် မင်းတပ် CDFလှုပ်ရှားနယ်မြေသို့ ရောက်ရှိပြီး ခုခံတိုက်ခိုက်မှုများ ဆက်လက်ရင်ဆိုင်နေရသည်။ ယမန်နေ့ မေလ ၄ရက်နေ့တွင် မိုင်တိုင်အမှတ် (၄၅)မိုင်ဝန်းကျင်၌ စစ်ယာဉ်တန်းရောက်ရှိနေပြီး ယနေ့ ရှေ့ဆက်တိုးလာခြင်းမရှိ၍ တိုက်ပွဲဖြစ်ပွားမှုမရှိသေးဟု ဆလိုင်းဟာအွမ်က ပြောသည်။

▪️မင်းတပ် CDF၏တိုက်ခိုက်မှုကြောင့် ၆ရက်အတွင်းစစ်ကောင်စီတပ်မှ ၂၁ဦးထက်မနည်းသေဟုဆို

မင်းတပ် – မတူပီလမ်း၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ရာသီဥတု အလွန်ဆိုးနေသော်လည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် စောင့်ဆိုင်းနေပြီး စစ်ယာဉ်တန်း ရှေ့ဆက်တိုးလာပါက တိုက်ပွဲဖြစ်ပွားမည်ဟု မင်းတပ် ချင်းကာ ကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

စစ်ကောင်စီယာဉ်တန်းသည် မတူပီမှ ဧပြီ ၂၇ရက်တွင် ထွက်ခွာလာရာ ဧပြီ ၃၀ရက်တွင် မင်းတပ် CDFလှုပ်ရှားနယ်မြေသို့ ရောက်ရှိပြီး ခုခံတိုက်ခိုက်မှုများ ဆက်လက်ရင်ဆိုင်နေရသည်။ ယမန်နေ့ မေလ ၄ရက်နေ့တွင် မိုင်တိုင်အမှတ် (၄၅)မိုင်ဝန်းကျင်၌ စစ်ယာဉ်တန်းရောက်ရှိနေပြီး ယနေ့ ရှေ့ဆက်တိုးလာခြင်းမရှိ၍ တိုက်ပွဲဖြစ်ပွားမှုမရှိသေးဟု ဆလိုင်းဟာအွမ်က ပြောသည်။

“အခုအချိန်ထိ မိုးက တအားကို သည်းထန်စွာ ရွာနေတာ။ မှိုင်းတွေရော မိုးတွေရော တစ်နေရာနဲ့တစ်နေရာမမြင်ရလောက်အောင်ပဲ။ သူတို့က ရှေ့မတိုးလာဘူး။ မိုင် ၂၀ ကနေ ၇၀ အတွင်း ဆိုတာ မင်းတပ်ရဲ့ အအေးဆုံး အပိုင်းတွေ၊ တောင်ကလည်း တအားမြင့်တယ်။ တအားအေးတယ်။ရာသီဥတု တော်တော်ဆိုးဝါးနေတယ်။ ကျွန်တော်တို့ ရဲဘော်တွေ ကြံ့ကြံ့ခံပြီးမှ စောင့်နေတယ်။ သူတို့သာ ရှေ့တိုးလာရင် ထိတွေ့တိုက်ပွဲ ဖြစ်လာမယ်” ဟု ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဧပြီ ၃၀ရက်မှ ယနေ့အထိ မင်းတပ် CDF၏ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်မှ ၂၁ဦး သေဆုံးခဲ့ရာ ယမန်နေ့ တိုက်ပွဲ၌ ၁၂ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

“ကျွန်တော်တို့ ဗျူဟာ မှူးက သတင်းပို့တာက ၅ဦးကျဆုံးတယ်လို့ သတင်းပို့တယ်။ နောက် ဟိုဘက်ခြမ်းမှာ တိုက်တဲ့ တပ်ရင်းမှူးက ကတော့ သူတို့ ပစ်တာ ၇ယောက်လောက်သေတယ် အများ အပြား ဒဏ်ရာရတယ်ပေါ့။ ဗျူဟာမှူးက ရှေ့က ပစ်တဲ့အချိန် သူတို့ အလစ်အငိုက် ဟိုဘက်က ပတ်တိုက်တာပေါ့။ ပြောချင်တာက နှစ်ဖက် ပစ်တာ အားလုံးပေါင်း ၁၂ဦး ပေါ့” ဟု ဆလိုင်းဟာအွမ်က မေလ ၄ရက် တိုက်ပွဲအခြေအနေကို ပြောပြသည်။

စစ်ကောင်စီတပ်များကို မိုင်းများနှင့်လည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့သည်ဟုဆိုသည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ မင်းတပ် CDF ရဲဘော်များအတွက် ဆုတောင်းပေးကြရန်နှင့် လိုအပ် ချက်များစွာရှိနေ၍ ပြည်သူလူထုများအနေဖြင့် ကူညီပံ့ပို့ပေးကြရန် မင်းတပ် CDFကမေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။