Connect with us

Hi, what are you looking for?

News

အင်းမထီးရွာ စခန်းချထား​သောစစ်အုပ်စု တိုက်ခိုက်ခံရပြီး ​သေဆုံးမှုများဟုဆို

ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသည့် အင်မထီးနှင့် ဇီးဖြူကုန်း​ကျေးရွာသည် ပျူစောထီးအမာခံကျေးရွာနှစ်ခုဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အင်မထီးကျေးရွာတွင်စခန်းချထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုများနိုင်ကြောင်း ကျားသစ်နက်ပြောက်ကျား တပ်ဖွဲ့က ယနေ့(မေ ၇ ရက်) ထုတ်ပြန်သည်။

ယမန်နေ့(မေ ၆ ရက်) ညနေ ၅နာရီခန့်တွင် PRA ၊ပုလဲမြေပြန့်လွင်ပြင်ကာကွယ်ရေးအင်အားစု (PPDG)၊ပုလဲဂျော်ကာအဖွဲ့နှင့် မြေပြင်သိန်းငှက်အဖွဲ့တို့နှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

လက်လုပ်တာဝေးပစ်ရှော့တိုက်ဒုံံးများ အသုံးပြု၍စစ်ကောင်စီတပ်စွဲထားသည့် ကျေးရွာရှိနေရာအနှံ့အပြားကို ပစ်ခတ်တိုက်ခိုက်ခဲ့မှုတွင် သေဆုံးသူများ နိုင်ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ခန့်မှန်းသည်။

“အင်မထီးက နဂိုကတည်းက ပျူရွာလည်း ဖြစ်နေတယ်။ပျူအင်အား ၁၀၀လောက်နဲ့ စခ ဆယ်ဂဏန်းဝန်းကျင်လောက်တပ်စွဲထားတယ်။နောက်ပြီး ဘေးကရွာတွေကိုပါ သူတို့တွေက စခ အားကိုးနဲ့ ရိက္ခာပို့ဆိုပြီး ခြိမ်းခြောက်တာတွေ မီးရှို့တာတွေ တောက်လျှောက်လုပ်ထားတာ”ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့ နံနက်ပိုင်းက ပုလဲမြို့နယ်သာယာကုန်းကျေးရွာအနီး အကြမ်းဖက်စစ်အုပ်စုကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း ၎င်းက ဆိုသည်။

ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသည့် အင်မထီးနှင့် ဇီးဖြူကုန်း​ကျေးရွာသည် ပျူစောထီးအမာခံကျေးရွာနှစ်ခုဖြစ်သည်။

ထို့ကြောင့် အဆိုပါကျေးရွာနှစ်ရွာကို ပြည်သူ့ကာကွယ် ရေးတပ်ပေါင်းစုများက မကြာခဏ ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။