Connect with us

Hi, what are you looking for?

News

နိုင်ငံရေးအကျဥ်းသားတွေကိုထောင်ပြောင်းလို့ ဘားအံထောင်ထဲမှာ ဆန္ဒထပ်ပြ

နိုင်ငံရေးအကျဉ်းသားတွေကို ရွှေ့ပြောင်းဖို့လုပ်ဆောင်စဉ်မှာ အကျဉ်းသားတွေက သွေးသစ္စာသီချင်းသီဆိုခဲ့ပြီး မလိုက်ချင်ကြောင်း ဆန္ဒထုတ်ဖော်ပြောဆိုကာ ထောင်မှူးက နိုင်ငံရေးအကျဉ်းသားတွေကို သေနတ်နဲ့ချိန်ပြီ ပြန်လည်ဆဲဆိုခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ဘားအံအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသား ၆၀ ကျော်ကို စစ်ကောင်စီက ကျိုက်မရောအကျဉ်းထောင်ဘက်ကို ရွှေ့ပြောင်းလိုက်တာကြောင့် နိုင်ငံရေးအကျဉ်းသားတွေက ထပ်မံဆန္ဒဖော်ထုတ်ခဲ့တယ်လို့ဒေသတွင်းရင်းမြစ်ထံကနေ သိရပါတယ်။

ဒီကနေ့မနက် ၆ နာရီဝန်းကျင်က ဘားအံထောင်မှာအကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား (၆၆) ဦးကို စစ်ကောင်စီက ခရီးသည်တင်မှန်လုံကားနဲ့ မွန်ပြည်နယ်မှာရှိတဲ့ ကျိုက်မရောအကျဉ်းထောင်ကို ခေါ်ဆောင်သွားခဲ့တာပါ။

ဒီလို စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို ရုတ်တရက်ထောင်ပြောင်းရွှေ့မှု လုပ်ဆောင်နေတဲ့ဖြစ်စဉ်မှာ အကျဉ်းသားမိသားစုဝင်တွေကို ကြိုတင်အသိမပေးဘူးလို့လည်း အကျဉ်းသားမိသားစုဝင်တစ်ဦးထံကနေ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ရွှေ့ပြောင်းဖို့လုပ်ဆောင်စဉ်မှာ အကျဉ်းသားတွေက သွေးသစ္စာသီချင်းသီဆိုခဲ့ပြီး မလိုက်ချင်ကြောင်း ဆန္ဒထုတ်ဖော်ပြောဆိုကာ ထောင်မှူးက နိုင်ငံရေးအကျဉ်းသားတွေကို သေနတ်နဲ့ချိန်ပြီ ပြန်လည်ဆဲဆိုခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဘယ်လက်နက်ကိုင် ဘယ်PDF ကိုမှမကြောက်လို့ ကရင်ပြည်နယ်မှာ ထောင်မှူးလာလုပ်တာကွဆိုပြီး အော်ပြောခဲ့တယ်” လို့ Hpa-an News မှာ ဖော်ပြထားပါတယ်။

အခုလို နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တာဟာ ပြီးခဲ့တဲ့လတွေအတွင်းက အကျဉ်းထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ ဆန္ဒဖော်ထုတ်မှုတွေရှိခဲ့လို့ ထောင်ပြောင်းရွှေ့ရခြင်းဖြစ်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

ဘားအံအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ နှစ်ကြိမ်တိုင်တိုင် နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒဖော်ထုတ်တာတွေရှိခဲ့ပြီး ဆန္ဒဖော်ထုတ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို တိုက်ပိတ်မှုတွေလုပ်ဆောင်ခဲ့ကာ အခုအခါမှာတော့ ထောင်ပြောင်းရွှေ့တာမျိုးတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

ကရင်ပြည်နယ်မှာထိုင်းဘက်ကကုန်စည်သယ်လာတဲ့ကုန်ကားတွေကို အာဏာသိမ်းစစ်တပ်ကအဖမ်းအဆီးတင်းကျပ်နေပြီးလက်ရှိသြဂုတ်လ တတိယပတ်အတွင်းကားအစီးရေ ၈၀ ခန့်ကိုဖမ်းဆီးထားတယ်လို့ ကုန် သည်တွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဘားအံ(ဖားအံ)မြို့နယ် နို့ဘယ်ဘောကျေးရွာအုပ်စု မဲ့ဘောခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

Facebook