Connect with us

Hi, what are you looking for?

News

တနင်္သာရီမြို့နယ်မှ စစ်​ကောင်စီ၏ကကကြည်းပိုင်ရာဘာစက်ရုံကို PDFများတိုက်ခိုက်စီးနင်းရာစစ်သားများထွက်​ပြေး

“ကက ကြည်း နဲ့ ညောင်ပင်ကွင်းရွာပျူစောထီးအဖွဲ့ကတော့ PDF တွေ ဝင်တိုက်တဲ့အချိန်မှာ ၅၆၁ တပ်ရင်းကို ထွက်ပြေးသွားကြတယ်။စက်ရုံကို မီးရှို့ဖျက်ဆီးခဲ့တယ်”ဟု Tanintharyi Defense Force ပြန်ကြားရေးတာဝန်ခံကလူထု​နွေဦးပြောသည်။

စစ်​ကောင်စီ၏ ရာဘာစက်ရုံကို မီးရှို့​လောင်​နေစဥ်။ဓါတ်ပုံ-TDF

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ။ညောင်းပင်ကွင်းကျေးရွာရှိ စစ်ကောင်စီ၏ စက်လက်နက်ပစ္စည်းညွှန်ကြားရေးရုံးကက (ကြည်း) ပိုင် ရာဘာစက်ရုံကို ဒေသခံကာကွယ်ရေးတပ်များ ဝင်ရောက်စီးနင်းခဲ့ရာစစ်​ကောင်စီတပ်သားများထွက်​ပြေးသွားကြောင်းTanintharyi Defense Force ကသတင်းထုတ်ပြန်သည်။

အဆိုပါစက်ရုံကို ယနေ့ မေလ (၈ ရက်) နံနက် ၁၀ နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၂)နှင့်ပူပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

“ကက ကြည်း နဲ့ ညောင်ပင်ကွင်းရွာပျူစောထီးအဖွဲ့ကတော့ PDF တွေ ဝင်တိုက်တဲ့အချိန်မှာ ၅၆၁ တပ်ရင်းကို ထွက်ပြေးသွားကြတယ်။စက်ရုံကို မီးရှို့ဖျက်ဆီးခဲ့တယ်”ဟု Tanintharyi Defense Force ပြန်ကြားရေးတာဝန်ခံကလူထု​နွေဦးပြောသည်။

စစ်​ကောင်စီတပ်၏ ယူနီ​ဖောင်း ။ ။ ဓါတ်ပုံ-TDF

စက်ရုံကိုဝင်ရောက်စီးနင်းစဉ် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထွက်ပြေးတိမ်းရှောင်ခဲ့သဖြင့် ထိုစက်ရုံအားပူပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ပြန်လည်ဆုတ်ခွာခဲ့သည်ဟုလည်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ထိုသို့ စီးနင်းနေစဉ် ညောင်းပင်ကွင်းကျေးရှာရှိခမရ(၅၆၁) မှ လက်နက်ကြီးနှင့်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းသိရသည်။

ထိုအပြင်ယနေ့ မနက် ၅နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ မြိတ်ခရိုင် တပ်ရင်း(၂)၏ တပ်ခွဲတစ်ခုက တနင်္သာရီမြို့နယ်၊ သိန်ခွန်ကျေးရွာရှိ ဆင်ဖြူရှင် (၉၄) ထုံခါ အကျဉ်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ထိုတိုက်ခိုက်မူသည် မိနစ် ၂၀ခန့်ကြာမြင့်ပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးသည်ကို အတည်ပြုနိုင်ပြီး ကျန် ၃ ဦးမှာ သေဆုံးနိုင်သည့်ဒဏ်ရာများရရှိခဲ့သည်ဟု အဆိုပါအဖွဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ပူးပေါင်းအဖွဲ့မှ တစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။