တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ။ညောင်းပင်ကွင်းကျေးရွာရှိ စစ်ကောင်စီ၏ စက်လက်နက်ပစ္စည်းညွှန်ကြားရေးရုံးကက (ကြည်း) ပိုင် ရာဘာစက်ရုံကို ဒေသခံကာကွယ်ရေးတပ်များ ဝင်ရောက်စီးနင်းခဲ့ရာစစ်ကောင်စီတပ်သားများထွက်ပြေးသွားကြောင်းTanintharyi Defense Force ကသတင်းထုတ်ပြန်သည်။
အဆိုပါစက်ရုံကို ယနေ့ မေလ (၈ ရက်) နံနက် ၁၀ နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၂)နှင့်ပူပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
“ကက ကြည်း နဲ့ ညောင်ပင်ကွင်းရွာပျူစောထီးအဖွဲ့ကတော့ PDF တွေ ဝင်တိုက်တဲ့အချိန်မှာ ၅၆၁ တပ်ရင်းကို ထွက်ပြေးသွားကြတယ်။စက်ရုံကို မီးရှို့ဖျက်ဆီးခဲ့တယ်”ဟု Tanintharyi Defense Force ပြန်ကြားရေးတာဝန်ခံကလူထုနွေဦးပြောသည်။

စက်ရုံကိုဝင်ရောက်စီးနင်းစဉ် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထွက်ပြေးတိမ်းရှောင်ခဲ့သဖြင့် ထိုစက်ရုံအားပူပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ပြန်လည်ဆုတ်ခွာခဲ့သည်ဟုလည်းဖော်ပြထားသည်။

Public Service Announcement

ထိုသို့ စီးနင်းနေစဉ် ညောင်းပင်ကွင်းကျေးရှာရှိခမရ(၅၆၁) မှ လက်နက်ကြီးနှင့်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းသိရသည်။
ထိုအပြင်ယနေ့ မနက် ၅နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ မြိတ်ခရိုင် တပ်ရင်း(၂)၏ တပ်ခွဲတစ်ခုက တနင်္သာရီမြို့နယ်၊ သိန်ခွန်ကျေးရွာရှိ ဆင်ဖြူရှင် (၉၄) ထုံခါ အကျဉ်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။
ထိုတိုက်ခိုက်မူသည် မိနစ် ၂၀ခန့်ကြာမြင့်ပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးသည်ကို အတည်ပြုနိုင်ပြီး ကျန် ၃ ဦးမှာ သေဆုံးနိုင်သည့်ဒဏ်ရာများရရှိခဲ့သည်ဟု အဆိုပါအဖွဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ပူးပေါင်းအဖွဲ့မှ တစ်ဦး ကျဆုံးခဲ့သည်။


















































