Connect with us

Hi, what are you looking for?

News

အာဏာသိမ်းတဲ့ခြောက်လအတွင်း လူသားမျိုးနွယ်စုအပေါ် များပြားတဲ့ရာဇဝတ်မှုတွေကို စစ်တပ်ကကျူး လွန်ခဲ့တယ်လို့ HRW ထုတ်ပြန်

“ပြည်သူတွေအပေါ် အခုလိုတိုက်ခိုက်မှုတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ပြီး ဒါတွေအတွက် တာဝန်ရှိသူတွေဟာ အရေးယူခံရသင့်ပါတယ်”လို့ HRW အာရှဒါရိုက်တာ Brad Adams က ပြောပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းချိန်ကစလို့ ​ခြောက်လအတွင်း လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ များပြားတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖေ​ဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း သန်းပေါင်းများစွာသောပြည်သူတွေ လမ်းပေါ်ထွက်ခဲ့ကြပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအရပ်သားအစိုးရကို အာဏာပြန်လွှဲဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

ပြည်သူတွေအပေါ် ကျယ်ပြန့်ပြီး စနစ်တကျတိုက်ခိုက်မှုရဲ့ အစိတ်အပိုင်းအဖြစ် လုံခြုံရေး တပ်ဖွဲ့တွေဟာ အလွန်အကျွံအင်အားသုံးကာ ထပ်တလဲလဲပစ်ခတ်ပြီး ဆန္ဒပြသူတွေကို အန္တရာယ်ဖြစ်စေပါတယ်။

ရဲနဲ့ စစ်သားတွေဟာ ကလေးငယ် ၇၅ ဦးခန့်အပါအဝင် ဆန္ဒပြသူနဲ့ ဘေးကရပ်ကြည့်သူ ၉၀၀ ကျော်ကို သတ် ဖြတ်ခဲ့ပြီး လူ ၁၀၀ ကျော်ကို အတင်းအဓမ္မလက်စ ဖျောက်ခဲ့ပါတယ်။ ဖမ်းစီးချုပ်နှောင်စဥ်အတွင်း ညှင်းပန်းနှိပ်စက်ပြီး အဓမ္မပြုကျင့်မှုတွေကလည်း မရေမတွက်နိုင်ပါဘူး။ လူထောင်ပေါင်းများစွာ မတရားသဖြင့်ဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေအပေါ် အခုလိုတိုက်ခိုက်မှုတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ပြီး ဒါတွေအတွက် တာဝန်ရှိသူတွေဟာ အရေးယူခံရသင့်ပါတယ်”လို့ HRW အာရှဒါရိုက်တာ Brad Adams က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။