Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းတဲ့ခြောက်လအတွင်း လူသားမျိုးနွယ်စုအပေါ် များပြားတဲ့ရာဇဝတ်မှုတွေကို စစ်တပ်ကကျူး လွန်ခဲ့တယ်လို့ HRW ထုတ်ပြန်

“ပြည်သူတွေအပေါ် အခုလိုတိုက်ခိုက်မှုတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ပြီး ဒါတွေအတွက် တာဝန်ရှိသူတွေဟာ အရေးယူခံရသင့်ပါတယ်”လို့ HRW အာရှဒါရိုက်တာ Brad Adams က ပြောပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းချိန်ကစလို့ ​ခြောက်လအတွင်း လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ များပြားတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖေ​ဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း သန်းပေါင်းများစွာသောပြည်သူတွေ လမ်းပေါ်ထွက်ခဲ့ကြပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအရပ်သားအစိုးရကို အာဏာပြန်လွှဲဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

ပြည်သူတွေအပေါ် ကျယ်ပြန့်ပြီး စနစ်တကျတိုက်ခိုက်မှုရဲ့ အစိတ်အပိုင်းအဖြစ် လုံခြုံရေး တပ်ဖွဲ့တွေဟာ အလွန်အကျွံအင်အားသုံးကာ ထပ်တလဲလဲပစ်ခတ်ပြီး ဆန္ဒပြသူတွေကို အန္တရာယ်ဖြစ်စေပါတယ်။

ရဲနဲ့ စစ်သားတွေဟာ ကလေးငယ် ၇၅ ဦးခန့်အပါအဝင် ဆန္ဒပြသူနဲ့ ဘေးကရပ်ကြည့်သူ ၉၀၀ ကျော်ကို သတ် ဖြတ်ခဲ့ပြီး လူ ၁၀၀ ကျော်ကို အတင်းအဓမ္မလက်စ ဖျောက်ခဲ့ပါတယ်။ ဖမ်းစီးချုပ်နှောင်စဥ်အတွင်း ညှင်းပန်းနှိပ်စက်ပြီး အဓမ္မပြုကျင့်မှုတွေကလည်း မရေမတွက်နိုင်ပါဘူး။ လူထောင်ပေါင်းများစွာ မတရားသဖြင့်ဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။

“ပြည်သူတွေအပေါ် အခုလိုတိုက်ခိုက်မှုတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ပြီး ဒါတွေအတွက် တာဝန်ရှိသူတွေဟာ အရေးယူခံရသင့်ပါတယ်”လို့ HRW အာရှဒါရိုက်တာ Brad Adams က ပြောပါတယ်။

Public Service Announcement

Public Service Announcement