Connect with us

Hi, what are you looking for?

News

ချောင်ဦး – ပခုက္ကူလမ်းပိုင်းရှိ ကျေးရွာမှပစ္စည်းများခိုးယူသယ်နေသည့် စစ်ကောင်စီယာဥ်သုံးစီးကို မိုင်းဆွဲတိုက်ခိုက်

လုံခြုံရေးအရ လတ်တလောမဖော်ပြနိုင်သေးသည် ကျေးရွာ၌ ပစ္စည်းလုယူမှုတွင် အကြမ်းဖက်စစ်ကောင်စီမှ မြေပြင်အဖွဲ့နှင့် ယာဥ်တန်းပေါ်ပါရှိသူ စုစုပေါင်း အင်အား ၁၀၀ခန့်ရှိနိုင်သည်ဟု ၎င်းက ဆိုသည်။

(MSPDF တပ်ဖွဲ့ဝင်များ ဖြစ်သည်။)

ချောင်ဦး – ပခုက္ကူလမ်းပိုင်းရှိ ကျေးရွာတစ်ရွာမှ ပစ္စည်းများခိုးယူသယ်နေသည့် စစ်ကောင်စီယာဥ်သုံးစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား သေဆုံးထိခိုက်သူများပြားကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း – ၄(MSPDF)က ယနေ့(မေ ၁၀ ရက်) ထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဥ်မှာ ယမန်နေ့(မေ ၉ ရက်) နံနက် ၄နာရီ ၄၅မိနစ်ခန့်ကဖြစ်ပြီး မြင်းခြံခရိုင်တပ်ရင်း – ၁ (27 revolution force)၊ Natogyi Regional Defence Force နှင့် မြင်း ခြံခရိုင်တပ်ရင်း – ၃ (မြေလတ် PDF) တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

“စုစုပေါင်း မိုင်း ကိုးလုံးဆွဲ တိုက်ခိုက်ခဲ့တယ်။ကားတစ်စီးဘော်ဒီတော့ တော်တော်ကို ထိခိုက်သွားတယ်” MSPDF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

Public Service Announcement

“ပျူတွေပါနိုင်တယ်။ မိုင်းမိပြီး ကားကခဏရပ်သွားတယ်။ မိုးကာအုပ်ထားတာ မိုးကာတွေရောပေါက်သွားတယ်။ ပြန်ပြစ်တာမျိုးတော့မရှိဘူး။ဆင်ဖြူရှင်တံတား အနောက်ဖက်ဂိတ်ကိုရောက်တော့ လူနာတင်ယဥ်ခေါ်ပြီးသွားတာဗျ။ ဆင်ဖြူရှင်တံတားကလဲ ခွေးတွေတပ်စွဲနေရာယူထားတဲ့ တံတားပါ။”ဟု MSPDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

လုံခြုံရေးအရ လတ်တလောမဖော်ပြနိုင်သေးသည် ကျေးရွာ၌ ပစ္စည်းလုယူမှုတွင် အကြမ်းဖက်စစ်ကောင်စီမှ မြေပြင်အဖွဲ့နှင့် ယာဥ်တန်းပေါ်ပါရှိသူ စုစုပေါင်း အင်အား ၁၀၀ခန့်ရှိနိုင်သည်ဟု ၎င်းက ဆိုသည်။

ယခုလ ၇ ရက်ကလည်း မြောင်မြို့နယ်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MSPDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။