Connect with us

Hi, what are you looking for?

News

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို တစ်နှစ်ကျော်ကြာ ထိန်းသိမ်းပြီးမှ စစ်ကောင်စီ တရားစွဲ

ဦးဘိုဘိုငယ်ကို အမှုတပ်ရာမှာ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရဘဏ်တွေရဲ့ နိုင်ငံခြားသုံးငွေလွှဲပြောင်းတာကို ကြီးကြပ်မှု အားနည်းတာကြောင့် နိုင်ငံဘဏ္ဍာငွေ ထိခိုက်နစ်နာတယ်ဆိုကာ တရားစွဲတာတွေ့ရပါတယ်။

အာဏာသိမ်းတဲ့ရက်ကစပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ် ကို ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မနဲ့အရေးယူလိုက်တယ်လို့ စစ်ကောင်စီက ကြေညာလာပါတယ်။

ဦးဘိုဘိုငယ်ဟာ စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မနက်အစောပိုင်းကတည်းက ဖမ်းဆီးခံခဲ့ရသူဖြစ်ပြီးကာလအတန်ကြာ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာကို မိသားစု ကမသိရှိခဲ့ရပါဘူး။

ဒါအပြင် ထိန်းသိမ်းခံနေရချိန်အတွင်းသေဆုံးသွားတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ခဲ့ပါသေးတယ်။

အဲဒီနောက် တစ်နှစ်ကျော်ကြာလာချိန်မှ စစ်ကောင်စီက ဦးဘိုဘိုငယ်ကို အမှုတပ် တရားစွဲတဲ့သတင်းကိုထုတ်ပြန်လာပါတယ်။

Public Service Announcement

Public Service Announcement

ဦးဘိုဘိုငယ်ကို အမှုတပ်ရာမှာ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရဘဏ်တွေရဲ့ နိုင်ငံခြားသုံးငွေလွှဲပြောင်းတာကို ကြီးကြပ်မှု အားနည်းတာကြောင့် နိုင်ငံဘဏ္ဍာငွေ ထိခိုက်နစ်နာတယ်ဆိုကာ တရားစွဲတာတွေ့ရပါတယ်။

အသေးစားနဲ့အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကနေ Open Society Myanmar-OSM က ငွေထုတ်ရာမှာ အခွန်ငွေ မကောက်ခံနိုင်ခဲ့တာကိုလည်း တရားစွဲရာမှာ စစ်ကောင်စီက ထည့်သွင်းထားတာတွေ့ရပါတယ်။

ဒါအပြင် ဗဟိုဘဏ်က ချေးငွေရတဲ့ ငွေကိုအတိုးနှုန်းပိုရတဲ့ဘဏ်မှာမအပ်ဘဲ စင်ကာပူနိုင်ငံက SMBC ဘဏ်မှာ အပ်တာကြောင့် နိုင်ငံအတွက် အတိုးနှုန်း ရရှိမှု ထိခိုက်နစ်နာတယ်လို့လည်းစစ်ကောင်စီက ဆိုထားပါတယ်။

ဒါကြောင့် ဦးဘိုဘိုငယ်ကို ဒီနေ့ နေပြည်တော်မှာ အဂတိပုဒ်မ ၅၅ နဲ့တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

NLD အစိုးရ လက်ထက် ၂၀၁၇ ခုနှစ်မှာ ဦးဘိုဘိုငယ်ကို ဗဟိုဘဏ် ဒုဥက္ကဋ္ဌ အဖြစ်တာဝန်ပေးခဲ့တာပါ။ ဦးဘိုဘိုငယ်ဟာ အမေရိကန် နဲ့ ဗြိတိန်နိုင်ငံတွေမှာ စီးပွားရေးဆိုင်ရာပညာရပ်တွေ ဆည်းပူးခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook