Connect with us

Hi, what are you looking for?

News

မင်းကင်းနှင့် ကလေးဝလမ်းပိုင်းနှစ်ခုအား ယာယီပိတ်ထားကြောင်း မင်းကင်းPDF သတိ​ပေးထုတ်ပြန်

သတိပေးချက်အား မလိုက်နာဘဲ ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပွားပါက လုံးဝတာဝန်ယူမည် မဟုတ်ကြောင်း၊ပြန်လည် အသုံးပြုရမည့် အချိန်ကို အသိပေးထုတ်ပြန်ပေးမည်ဟု မင်းကင်းပြည်သူ့ကာကွယ်ရေးတ​ပ်ဖွဲ့က အသိပေးသည်။

(ဖြတ်သန်းခွင့်ယာယီပိတ်ထားသော မင်းကင်းမြို့နယ်ရှိ လမ်းပိုင်းတစ်ခုပေါ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်တွင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားနေ၍ မင်းကင်းနှင့် ကလေးဝလမ်းပိုင်းနှစ်ခုအား ယာယီပိတ်ထားကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

တောင်တွင်းဒေသတွင် ထိတွေ့မှု ဖြစ်ပွားနေသောကြောင့် ကလေးဝ – ယာကြီး လမ်းပိုင်း၊ မင်းကင်း – တောင်တွင်း လမ်းပိုင်းတို့အား အသုံးပြုမှု ယာယီရပ်ထားပါရန် မင်းကင်းပြည်သူ့ကာကွယ်ရေးတ​ပ်ဖွဲ့က ယနေ့(မေလ ၁၁ရက်) နံနက်ပိုင်းတွင် အသိပေးကြေညာသည် ။

သတိပေးချက်အား မလိုက်နာဘဲ ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပွားပါက လုံးဝတာဝန်ယူမည် မဟုတ်ကြောင်း၊ပြန်လည် အသုံးပြုရမည့် အချိန်ကို အသိပေးထုတ်ပြန်ပေးမည်ဟု မင်းကင်းပြည်သူ့ကာကွယ်ရေးတ​ပ်ဖွဲ့က အသိပေးသည်။

မေလ ၈ ရက်က တောင်လက်ဒေသ အထက်စသာရွာအနီးတွင် အကြမ်းဖက်စစ်တ​ပ်၊ ပျူစောထီးတို့နှင့် မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ၃ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်နှင့်ပျူဘက်မှ ၁၁ဦးသေဆုံးပြီး ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေ၍ မုံရွာ – မြင်းမူ – မန္တလေးလမ်းပိုင်း၊ ထီးဆောင်း-အရာတော် လမ်းပိုင်းနှင့် မြင်းမူမြို့နယ်အတွင်းရှိ မြို့နယ်ချင်းဆက် လမ်းပိုင်းများ၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း-မုံလှ ကွန်ကရစ်လမ်းပိုင်း၊ ခင်ဦး-ရေဦး လမ်းပိုင်း၊မင်းကင်း၊ ယင်းမာပင်၊ ဆားလင်းကြီးမြို့နယ်များရှိ မုံရွာ- ပုသိမ်လမ်းမကြီး၊ ဆားလင်းကြီး – ညောင်ပင်ကြီးလမ်းပိုင်းများအား မေလ၈ရက်မှစ၍ အရေးပေါ်ပိတ်သိမ်းလိုက်ကြောင်း ဒေသတွင်းPDFအဖွဲ့များက အသိပေးကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့