Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုမြို့နယ်ရဲစခန်းကို PDFသွားရောက်တိုက်ခိုက်စစ်သား ၂ ဦး​သေ ၊ PDF သုံးဦးဒဏ်ရာရ

တိုက်ပွဲ ဖြစ်စဥ်မှာ ယမန်နေ့ နေ့လည် ၁၂ နာရီခန့် ကစတင်ခဲ့ပြီး စစ်ကောင်စီတပ်သားအများစုမှာ အပြင်မထွက်ရဲဘဲ စခန်းအတွင်း၌သာ နေရာယူပြန်လည်ခုခံခဲ့ပြီး စခန်းအပြင်ထွက်လာသူနှစ်ဦးကိုမူရှင်းလင်းနိုင်ခဲ့သည်ဟု ​ဖော်ပြထားသည်။

ဒီး​မော့ဆို PDF တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-DMO-PDF

ကရင်နီ(ကယား)ပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) က ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ယမန်နေ့ နေ့လည် ၁၂ နာရီခန့် ကစတင်ခဲ့ပြီး စစ်ကောင်စီတပ်သားအများစုမှာ အပြင်မထွက်ရဲဘဲ စခန်းအတွင်း၌သာ နေရာယူပြန်လည်ခုခံခဲ့ပြီး စခန်းအပြင်ထွက်လာသူနှစ်ဦးကိုမူရှင်းလင်းနိုင်ခဲ့သည်ဟု ​ဖော်ပြထားသည်။

စစ်​ကောင်စီတပ်​ထောင်ထား​သော နင်းမိုင်းကို ရှင်းလင်း​စဥ် ဓါတ်ပုံ-DMO- PDF

“ဒီးမော့ဆို ရဲစခန်းမှာ တပ်စွဲထားတဲ့ စခ သီးသန့် အင်အား ကိုက ၃၀ လောက်ရှိတယ်ဗျ။နောက် ပြီး တော်ရုံဝင်မရအောင် နင်းမိုင်းတွေပတ် ပတ် လည် ထောင်ထားတာနဂိုကတည်းက ။အခုက တော်တော်ကို ပြင်ဆင်ထားပုံရတယ်”ဟု ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းအချို့ကို တူးဖော်ရရှိခဲ့​ပြီးပြည်သူ့ ကာကွယ်ရေးတပ်-ဒီးမော့ဆိုတပ်ဖက်မှ ရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုမြို့နယ်ရဲစခန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် စခန်းအတွင်း၌သာ နေရာယူထားပြီး ရံဖန်ရံခါသာ စခန်းအပြင်ကင်းလှည့်လေ့ရှိကြောင်း လည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

ယမန်နေ့က တိုက်ပွဲကို DMO PDF ၏ဗျူဟာ ၃ C၊D၊E တပ်ခွဲ့အချို့၊အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်းတပ်ခွဲအချို့နှင့် ဖရူဆို PDF တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းအသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ