Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီးမော့ဆိုမြို့နယ်ရဲစခန်းကို PDFသွားရောက်တိုက်ခိုက်စစ်သား ၂ ဦး​သေ ၊ PDF သုံးဦးဒဏ်ရာရ

တိုက်ပွဲ ဖြစ်စဥ်မှာ ယမန်နေ့ နေ့လည် ၁၂ နာရီခန့် ကစတင်ခဲ့ပြီး စစ်ကောင်စီတပ်သားအများစုမှာ အပြင်မထွက်ရဲဘဲ စခန်းအတွင်း၌သာ နေရာယူပြန်လည်ခုခံခဲ့ပြီး စခန်းအပြင်ထွက်လာသူနှစ်ဦးကိုမူရှင်းလင်းနိုင်ခဲ့သည်ဟု ​ဖော်ပြထားသည်။

ဒီး​မော့ဆို PDF တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-DMO-PDF

ကရင်နီ(ကယား)ပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) က ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ယမန်နေ့ နေ့လည် ၁၂ နာရီခန့် ကစတင်ခဲ့ပြီး စစ်ကောင်စီတပ်သားအများစုမှာ အပြင်မထွက်ရဲဘဲ စခန်းအတွင်း၌သာ နေရာယူပြန်လည်ခုခံခဲ့ပြီး စခန်းအပြင်ထွက်လာသူနှစ်ဦးကိုမူရှင်းလင်းနိုင်ခဲ့သည်ဟု ​ဖော်ပြထားသည်။

စစ်​ကောင်စီတပ်​ထောင်ထား​သော နင်းမိုင်းကို ရှင်းလင်း​စဥ် ဓါတ်ပုံ-DMO- PDF

“ဒီးမော့ဆို ရဲစခန်းမှာ တပ်စွဲထားတဲ့ စခ သီးသန့် အင်အား ကိုက ၃၀ လောက်ရှိတယ်ဗျ။နောက် ပြီး တော်ရုံဝင်မရအောင် နင်းမိုင်းတွေပတ် ပတ် လည် ထောင်ထားတာနဂိုကတည်းက ။အခုက တော်တော်ကို ပြင်ဆင်ထားပုံရတယ်”ဟု ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းအချို့ကို တူးဖော်ရရှိခဲ့​ပြီးပြည်သူ့ ကာကွယ်ရေးတပ်-ဒီးမော့ဆိုတပ်ဖက်မှ ရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုမြို့နယ်ရဲစခန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် စခန်းအတွင်း၌သာ နေရာယူထားပြီး ရံဖန်ရံခါသာ စခန်းအပြင်ကင်းလှည့်လေ့ရှိကြောင်း လည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

ယမန်နေ့က တိုက်ပွဲကို DMO PDF ၏ဗျူဟာ ၃ C၊D၊E တပ်ခွဲ့အချို့၊အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်းတပ်ခွဲအချို့နှင့် ဖရူဆို PDF တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းအသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။