Connect with us

Hi, what are you looking for?

News

ဖလမ်းမှ ကလေးသို့ သွားသည့် စစ်ကြောင်းကိုCNDF ကတိုက်ခိုက်စစ်သား ၁၂ဦးသေ၊ ၁၅ ဦးခန့်ဒဏ်ရာရ

အကြမ်းဖက်စစ်ကောင်စီများသည် သေဆုံးအလောင်းများအား ပါရ်သဲကျေးရွာရှိ နေအိမ်များအတွင်း ထည့်သွင်းကာ မီးရှို့ဖျက်ဆီးထားခဲ့ကြသည်ဟုလည်းပါရှိသည်။

CNDFကနယ်​မြေရှင်းလင်းရာသိမ်းဆည်းရမ်​သော ခဲယမ်းနှင့်စစ်အ​သုံးအ​ဆောင်များ

●နယ်မြေရှင်းလင်းရာကျည်နှင့်ခဲယမ်းများ နှင့် စစ်အသုံးအ​​ဆောင်များရရှိ

ချင်းပြည်နယ် ဖလမ်းမြို့မှ စစ်ကိုင်းတိုင်း ကလေးမြို့ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ် စစ်ကြာင်းကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၂ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က သတင်းထုတ်ပြန်သည်။

ဖလမ်းမှ ကလေးသို့ သံချပ်ကာကား(၂)စီး၊ စစ်ကား(၂၆)စီးပါသော ယာဉ်တန်းသည် ချင်းပြည်နယ်၊ဖလမ်းမြို့မှ ကလေးမြို့ဖက်သို့ မေလ ၉ရက်မှစ၍ ဆင်းသွားကြောင်း၊ မိုင်တိုင် ၆၃ ပတ်ဝန်းကျင်တွင် ရပ်နားခဲ့ပြီး စစ်ကောင်စီတပ်များ ခြေလျင်ဖြင့် တောလမ်း အတိုင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် CNO လက်အောက်ခံ ချင်းအမျိုးသားကာကွယ်ရးတပ်(CNDF) ၏ တိုက်မိုင်းတွဲလုံးမိကာ သေဆုံးသူနှင့် ဒဏ်ရာရှိသူများပြားခဲ့ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီများသည် သေဆုံးအလောင်းများအား ပါရ်သဲကျေးရွာရှိ နေအိမ်များအတွင်း ထည့်သွင်းကာ မီးရှို့ဖျက်ဆီးထားခဲ့ကြသည်ဟုလည်းပါရှိသည်။

Public Service Announcement

Public Service Announcement

​သေသွား​သောစစ်သားအ​လောင်းကိုမီးရှို့၍ထားခဲ့စဥ်

ထို​နောက်စစ်ကောင်စီတပ်သည်ဆက်လက်စစ်ကြောင်းချီလာရာ မိုင်တိုင် (၅၅) ပတ်ဝန်းကျင်တွင်လည်း တိုက်မိုင်းထပ်မိရာသေဆုံးသူများ နှင့် ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုအပြင် မိုင်တိုင်(၄၅)ပတ်ဝန်းကျင်တွင်လည်းပဒေသာမိုင်းဆွဲပြီး တိုက်ခိုက်ခဲ့ကြရာ (၄)ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့ကြောင်း၊ တောလမ်းအတိုင်းစစ်ချီရာတွင် တိုက်မိုင်းများမိပြီး ထပ်မံသေဆုံးဒဏ်ရာရရှိသူများရှိခဲ့သည့်အတွက် စစ်ကောင်စီ လုပ်ရိုးထုံးစံအတိုင်း ဇောင်လဲကျေးရွာရှိ လူနေအိမ်များအတွင်း အလောင်းများထည့်သွင်းကာ မီးရှို့ဖျက်စီးခဲ့ကြပြန်ကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက်ဖက်စစ်ကောင်စီတပ်သား (၁၂)ယောက်သေဆုံးပြီး၊ ဒဏ်ရာရရှိသူ(၁၅)ယောက်ခန့်ရှိမည်ဟု CNO၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်​ကောင်စီတပ်မှ ​သေဆုံးသူအ​လောင်းမီးရှို့၍ ထားခဲ့စဥ်

တိုက်ပွဲဖြစ်ပွားရာ မိုင်တိုင်(၆၃) နှင့် မိုင်တိုင် (၄၅) အကြား မိမိတို့ CNDF မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ MA ကျည် (၁၂၀)၊ ၆၀ မမ ကျည် (၁)၊ ကျည်ဘောက်(၁)ခုအား သိမ်းဆည်းရမိခဲ့ ကြောင်း ဓာတ်ပုံများနှင့်အတူ ဖော်ပြသည်။

CNDFကနယ်​မြေရှင်းလင်းရာသိမ်းဆည်းရမ်​သော ခဲယမ်းနှင့်စစ်အ​သုံးအ​ဆောင်များ

အမျိူးသမီးအဝတ်စားများလည်းတွေ့ရှိရသည့်အတွက် ယာဉ်တန်းတွင် အမျိူးသမီးစစ်သည်ရဲမေများလည်းပါဝင်ဟု CNO/CNDFက ခန့်မှန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

ကျူးလွန်သူက ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ခဲ့ပြီးနောက်ပိုင်း စိတ်ကစဉ့်ကလျားဖြစ်နေသူဟု သတင်းထွက်