Connect with us

Hi, what are you looking for?

News

အသက် ၅၀ ​ကျော်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်​သောအမျိုးသားကို PDFနှင့် ပြည်သူ့ရဲတပ်ဖွဲ့ကဖမ်းဆီး

ဇိုမီး PDF သည် ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေ​သော ​ဒေသခံကာကွယ်​ရေးတပ်များထဲမှ တစ်ခုဖြစ်သည်။

(အသက်ည၅၀​ကျော်အမျိုးသမီးကို အဓမ္မပြုကျင့်သည်ဆို​သောအမျိုးသားကို PDF နှင့် KPS တို့ကဖမ်းဆီးထားစဥ်။ဓါတ်ပုံ-ZM PDF)

ကလေးမြို့နယ်တွင် အသက် ၅၀ကျော် အမျိုးသမီးတစ်ဦးကိုအဓမ္မပြုကျင့်ခဲ့သည့်အမျိုးသားကို ​ဒေသခံကာကွယ်​ရေးတပ်များနှင့် က​လေးမြို့ရဲတပ်ဖွဲ့ KPSတို့ ​မေ ၁၄ ရက်တွင်ဖမ်းဆီး​ထာကြောင်းဇိုမီး PDFက ယ​နေ့(မေ ၁၄) ညတွင်သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရာတွင်ပါဝင်သည့် ကာကွယ်​ရေးတပ်ဖွဲ့များမှာ PDF(ဇိုမီး)၊ က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့ (ပကဖ)နင့် က​​လေးမြို့ရဲတပ်ဖွဲ့- KPSတို့ဖြစ်သည်။ မုဒိမ်းမှုကျူးလွန်​ကြောင်းစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူမှာ အသက် ၅၀ ဝန်းကျင်ရှိမည်​ဟုခန့်မှန်းရပြီး ၎င်းကိုမည်သို့အ​ရေးယူမည်ကိုမူ ​ဖော်ပြထားခြင်းမရှိ​​​ပေ ။

“အခုလိုအုပ်ချုပ်​ရေးယန္တယား ပျက်စီး ယိုယွင်း​နေချိန်မှာ ပြည်သူ့လုံခြုံ​ရေးအတွက်ကျွန်​တော်တို့ အဓိကထားပြီးရပ်တည်သွားပါမယ်”ဟုဇိုမီး PDF က​ဖော်ပြထားသည်။

ဇိုမီး PDF သည် ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေ​သော ​ဒေသခံကာကွယ်​ရေးတပ်များထဲမှ တစ်ခုဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။