Connect with us

Hi, what are you looking for?

LuduNwayOo

News

အသက် ၅၀ ​ကျော်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်​သောအမျိုးသားကို PDFနှင့် ပြည်သူ့ရဲတပ်ဖွဲ့ကဖမ်းဆီး

ဇိုမီး PDF သည် ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေ​သော ​ဒေသခံကာကွယ်​ရေးတပ်များထဲမှ တစ်ခုဖြစ်သည်။

(အသက်ည၅၀​ကျော်အမျိုးသမီးကို အဓမ္မပြုကျင့်သည်ဆို​သောအမျိုးသားကို PDF နှင့် KPS တို့ကဖမ်းဆီးထားစဥ်။ဓါတ်ပုံ-ZM PDF)

ကလေးမြို့နယ်တွင် အသက် ၅၀ကျော် အမျိုးသမီးတစ်ဦးကိုအဓမ္မပြုကျင့်ခဲ့သည့်အမျိုးသားကို ​ဒေသခံကာကွယ်​ရေးတပ်များနှင့် က​လေးမြို့ရဲတပ်ဖွဲ့ KPSတို့ ​မေ ၁၄ ရက်တွင်ဖမ်းဆီး​ထာကြောင်းဇိုမီး PDFက ယ​နေ့(မေ ၁၄) ညတွင်သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရာတွင်ပါဝင်သည့် ကာကွယ်​ရေးတပ်ဖွဲ့များမှာ PDF(ဇိုမီး)၊ က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့ (ပကဖ)နင့် က​​လေးမြို့ရဲတပ်ဖွဲ့- KPSတို့ဖြစ်သည်။ မုဒိမ်းမှုကျူးလွန်​ကြောင်းစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူမှာ အသက် ၅၀ ဝန်းကျင်ရှိမည်​ဟုခန့်မှန်းရပြီး ၎င်းကိုမည်သို့အ​ရေးယူမည်ကိုမူ ​ဖော်ပြထားခြင်းမရှိ​​​ပေ ။

“အခုလိုအုပ်ချုပ်​ရေးယန္တယား ပျက်စီး ယိုယွင်း​နေချိန်မှာ ပြည်သူ့လုံခြုံ​ရေးအတွက်ကျွန်​တော်တို့ အဓိကထားပြီးရပ်တည်သွားပါမယ်”ဟုဇိုမီး PDF က​ဖော်ပြထားသည်။

ဇိုမီး PDF သည် ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်ကို ခုခံတိုက်ခိုက်​နေ​သော ​ဒေသခံကာကွယ်​ရေးတပ်များထဲမှ တစ်ခုဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။