Connect with us

Hi, what are you looking for?

News

မင်းတပ် – ကျောက်ထုလမ်းတိုက်ပွဲ စစ်ကောင်စီတပ်သေဆုံးထိခိုက်များ၊ စစ်ကောင်စီတပ် အင်အားဖြည့်

ခလရ (၂၇၄)တပ်ရင်းတွင် စစ်ကောင်စီယာဉ်တန်းမှ ယာဉ် ၆၈ စီးနေရာခွဲပြီး ရပ်နားထားကြောင်း၊ အဆိုပါ တပ်ရင်းရှိ ရဟတ်ယာဉ်ကွင်းအနီးတွင် ပီပါပုံးများဖြင့် ကာထားသော လက်နက်ကြီးများမှာ(၁၂၀) မမနှင့် စက်သေနတ်များ ဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

(မင်းတပ်မြို့တွင်ရှိသည့် ​ခြေလျင်တပ်ရင်း(ခလရ ) ၂၇၄ တွင် ရပ်နားထားသည့် အာဏာသိမ်းစစ်​ကောင်စီ၏ စစ်ကား ၆၈ စီးကိုတွေ့ရစဥ်)

မတူပီမှ ပြန်လာသည့် စစ်ကောင်စီယာဉ် ၇၀နီးပါး မင်းတပ် ခလရ(၂၇၄)တပ်၌ နေရာခွဲပြီး ရပ်နားထား

မင်းတပ် – ကျောက်ထုလမ်း၌ ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားနေသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်က စစ်ကား နှစ်စီးဖြင့် ထပ်မံအင်အားဖြည့် စစ်ကူထွက်သွားကြောင်း မင်းတပ်ဒေသ စစ်ရေးသတင်းများ ရေးသားဖော်ပြနေသည့် ဒေသခံတစ်ဦးက အသိပေးထားသည်။

“ယနေ့ မင်းတပ် မှ ဆင်းသွားသောအကြမ်းဖက် စကစတပ်သားများ နှင့်ပြည့်သူ့ကာကွယ်ရေးပူးပေါင်း အဖွဲ့ များတိုက်ပွဲဖြစ်ပွားရာတွင် စခ များ အထိအခိုက်များဟုသိရ ၊ ရှေ့ပြေး ဆိုင်ကယ်ဖြင့်သွားသော စခ များ နာနတ်သီးအတွဲလိုက်စားရပြီးငရဲပြည်သို့ အော်တိုရောက်ကုန်ကြ ၊ဒါဏ်ရာရသူများကို ဖောကားဖြင့် မင်းတပ်သို့ပြန်သယ်နေကြ ၊ အလောင်းများအားသယ်ယူရန်ပြင်ဆင်နေကြဟုသိရ”ဟု ၎င်းက ယနေ့ ညနေ ၆နာရီခွဲ၌ ရေးသားထားသည်။

ညနေ ၄နာရီ ၂၀ မိနစ်ခန့်ကလည်း စစ်ကောင်စီတပ်မှ ယာဉ် နှစ်စီး လူအပြည့်ဖြင့်စစ်ကူ အင်အားဖြည့်တင်းခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ထို့ပြင် မတူပီမှ ပြန်ဆင်းလာသည့် စစ်ကောင်စီတပ်ယာဉ်များ မင်းတပ်မြို့ရှိ ခလရ (၂၇၄)တပ်တွင် နေရာခွဲပြီးရပ်နားထားမှုကို ကောင်းကင်မှ ရိုက်ကူးထားသည့် ဓာတ်ပုံများကိုလည်း အဆိုပါဒေသခံက ဖော်ပြခဲ့သည်။

ခလရ (၂၇၄)တပ်ရင်းတွင် စစ်ကောင်စီယာဉ်တန်းမှ ယာဉ် ၆၈ စီးနေရာခွဲပြီး ရပ်နားထားကြောင်း၊ အဆိုပါ တပ်ရင်းရှိ ရဟတ်ယာဉ်ကွင်းအနီးတွင် ပီပါပုံးများဖြင့် ကာထားသော လက်နက်ကြီးများမှာ(၁၂၀) မမနှင့် စက်သေနတ်များ ဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

အဆိုပါ လက်နက်ကြီးများဖြင့် ကျေးရွာများသို့အကြာင်းမဲ့ ရမ်းပစ်ကြလေ့ရှိသည်ဟု ၎င်းက ရေးသားထားပြီး ထိုသို့ဒရုန်းဖြင့် ဓာတ်ပုံရိုက်ကူးမှုအပေါ် သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်းလည်း အသိပေးထားသည်။

ယနေ့နံနက်ပိုင်းက မင်းတပ် – ကျော်ထုလမ်းတွင် စစ်ကောင်စီတပ်က လမ်းကြောင်းလုံခြုံရေး ရှေ့ပြေးစစ်ကြောင်း စေလွှတ်ခဲ့ရာပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေသည်။ ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရုံးက တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုသော်လည်း အသေးစိတ်အခြေအနေများကို ယနေ့ညနေပိုင်းအထိ မသိရသေးဟုပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook