Connect with us

Hi, what are you looking for?

News

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားခုနစ်ဦးလိုက်ပါလာသည့်ယာဥ်အားတိုက်ခိုက်ရာငါးဦးသေဟု မဟာမိတ်အဖွဲ့များပြော

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားပေါ်မှအဆင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ငါးဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးစစ်သားတစ်ဦးမှာ ခါးပိုင်းပြတ်ကျသွားကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)က ပြောသည်။

(ဧပြီလကုန်ပိုင်းက မုံရွာ-မန္တလေးလမ်းပေါ် ဖြတ်သန်းနေသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် ကင်းပုန်းချရန်ထွက်လာသည့် စစ်ကောင်စီ၏ အန်စာတုံးယာဥ်အား မိုင်းဆွဲတိုက်ခိုက်ရာ ယာဥ်ပေါ်ပါအကြမ်းဖက်စစ်အုပ်စုဝင် ခုနစ်ဦးလုံး မိုင်းထိပြီး ငါးဦးသေဆုံးခဲ့ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

ယနေ့ (မေလ၁၇ရက်) နံနက် ၁၀နာရီ၄၅မိနစ်ခန့်က ချောင်းဦးမြို့မှ ကင်းပုန်းချရန်မောင်းနှင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးလိုက်ပါလာသည့် အန်စာတုံးယာဥ်ကို မုံရွာ-မန္တလေးလမ်းမကြီးပေါ် နတ်ရေကန်ရွာနှင့်ငါးရှန်ကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားပေါ်မှအဆင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ငါးဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးစစ်သားတစ်ဦးမှာ ခါးပိုင်းပြတ်ကျသွားကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)က ပြောသည်။

Public Service Announcement

ယနေ့ နံနက်၅နာရီခွဲခန့်ကလည်း ဂွေးပင်တောလမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီတပ်များအား မိုင်းဆွဲရန်စောင့်နေစဉ် အကြမ်းဖက်စစ်တပ်မှ ချောင်းမြောင်းပစ်ခတ်ခဲ့သည်ဟု CDSOMက ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲရန်စောင့်ဆိုင်းနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်ဖက်ဆစ်စစ်တပ်မှလိုက်လံပစ်ခတ်ရာအသက်လုပြေးလွှားကြရင်းတစ်တောင့်ထိုး သေနတ်တစ်လက်၊ဖုန်း၂လုံး၊ဘက်ထရီအိုး၂လုံး၊ဝိုင်ယာကြိုးခွေ စသည်တို့ ကျကျန်ခဲ့ပြီးမိမိတို့ရဲဘော်များမှာဘေးကင်းခဲ့သည်ဟု မဟာမိတ်အဖွဲ့များက ပြောသည်။

နံနက် ၁၁နာရီဝန်းကျင်ကလည်း စစ်ကိုင်းမြို့မှ မုံရွာသို့ ဦးတည်ထွက်ခွာလာသည့် ရိက္ခာတင်ကားအပါအဝင် အကြမ်းဖက်စစ်ကောင်စီ၏ ၁၂စီးပါယာဥ်တန်းအား စစ်ကိုင်းမြို့နယ် နုံးတွင်းရွာအနီးတွင်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄စီးရပ်တန့်ကာ ၈စီး ဆက်လက်ထွက်ခွာသွားကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

လမ်းပိုင်းများတွင် စောင့်ဆိုင်းနေကြသည့်မဟာမိတ်ရဲဘော်များအနေဖြင့်လည်း စစ်တပ်ကင်းပုန်းများ အချိန်မရွေးရောက်လာနိုင်သည်ဖြစ်၍အထူးသတိထားသင့်ကြောင်း CDSOM က ပြောသည်။

အမျိုးသမီးစစ်သည်တော်တပ်ရင်း (မြောင်) – M2W မှ ထုတ်လုပ်သော မိုင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ဆင်ရေးများအား မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)နှင့်အတူ ပြည်သူ့တပ်မတော်(မြောင်)MUA၊ စစ်ကိုင်းခရိုင် တပ်ရင်း ၁၊ ၂ တပ်ခွဲ(၃)၊ တူမီးဖိုက်တာ၊ Black Eagle Defense Force၊ Chaung U Revolution Army၊ Myinmu Civil Revolution Force စသည့် မဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မေလ ၁၄ ရက် နံနက်ပိုင်းကလည်း မုံရွာ-မန္တလေးလမ်းမတွင် ဖြတ်သန်းသွားလာနေသောအကြမ်းဖက်စစ်တပ်ယာဉ် ၁၀ စီးအား မဟာမိတ်အဖွဲ့များက ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။